Because We Are Too Many HD

Because We Are Too Many

Drama HD 2024-12-19 6 90 Min

Morgan က pandemic ကာလအတွင်းမှာ အော်တစ်ဇင်ဖြစ်နေတဲ့ သူ့ရဲ့သားလေးအတွက် အထောက်အပံ့ရဖို့ အများကြီး အသည်းအသန်ကြိုးစားပေမဲ့ ဆင်းရဲသားတွေအတွက်ထောက်ပံ့ရေးစနစ်က ဘာမှမထိရောက်ဘဲ စနစ်ကြီးက Morgan တို့လို လူတန်းစားတွေအပေါ် လျစ်လျူရှုထားကြပါတယ်။အဲဒီမှာ Morgan သူ့ရဲ့ငယ်ဘဝကို ပြန်သတိရပြီး သူ့မောင်လေး Andy နဲ့ ပတ်သက်ပြီး နာကျင်စရာအမှတ်တရတွေ၊ အိမ်ကနေထွက်ပြေးလာတဲ့ နိုင်ငံ‌ကူးပြောင်းခိုလှုံသူ Mo ‌ဆိုတဲ့ကောင်လေးနဲ့သူငယ်ချင်းဆက်ဆံရေးတွေကို ပြန်တွေးမိပြီး မျိုးရိုးစဉ်ဆက် သံသရာလည်နေတဲ့ ဆင်းရဲငတ်မွတ်မှုတွေကနေ သူ့သားလေးအတွက် ဘယ်လိုရုန်းထွက်ဖို့ ကြိုးစားမလဲဆိုတာကို ရင်ထဲထိအောင်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက စုစုပေါင်း ဆု 10 ဆု နဲ့ nominations 4 ခုရခဲ့ပြီး independent films တွေကြား လူကြိုက်များခဲ့တဲ့အပြင် ဇာတ်လမ်းထဲက ကာရိုက်တာတွေဖြစ်တဲ့ မော်ဂန်နဲ့သူ့ရဲ့သားလေးတို့က တကယ့်အပြင်မှာလည်း သားအမိအရင်းတွေဖြစ်တာမို့ သူတို့နှစ်ယောက်ကြားက စစ်မှန်တဲ့ မိသားစု chemistry က ဒီဇာတ်လမ်းကိုပိုပြီးလက်တွေ့ဆန်ဆန်ခံစားသွားရအောင် ကူညီပေးသွားခဲ့တာပဲဖြစ်ပါတယ်။