Dridam FHD

Dridam

Crime Thriller FHD 2026-05-08 7 127 Min

၂၀၂‌၆ခုနှစ်ရဲ့မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ မလေးယာလမ် (Malayalam) စုံထောက်သည်းထိတ်ရင်ဖို ရုပ်ရှင်ကားတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး ဒါရိုက်တာJeethu Joseph (Drishyam ရုပ်ရှင်ဖန်တီးသူ) က တင်ဆက်ပေးထားပြီး ဒါရိုက်တာ Martin Joseph Tharakunnel က ရိုက်ကူးထားတာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားအဖြစ်လူငယ်မင်းသား Shane Nigam က ပါဝင်သရုပ်ဆောင်ထားပါတယ်။အေးချမ်းသာယာတဲ့ တောင်ပေါ်စခန်းတစ်ခုမှာ ပထမဆုံးအကြိမ် တာဝန်ကျလာတဲ့ ရဲအရာရှိငယ်လေး ဗီဂျေးဟာအေးချမ်းသာယာပြီး ရာဇဝတ်မှုကင်းစင်တဲ့ ရွာလေးတစ်ရွာမှာ ပထမဆုံးအကြိမ် တာဝန်ကျခဲ့ပါတယ်။ အေးအေးဆေးဆေး တာဝန်ထမ်းဆောင်ရမယ်လို့ သူမျှော်လင့်ထားခဲ့ပေမဲ့ ရွာထဲမှာလူ‌ေ_သရုပ်အလောင်းတစ်ခုကို စတင်တွေ့ရှိလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ရပါတယ်။အခြေအနေတွေက ပိုမိုဆိုးရွားလာပြီး နောက်ထပ်လူ‌ေ_သအလောင်း နှစ်လောင်း ထပ်မံတွေ့ရှိရတဲ့အပြင် ဒေသတွင်း ကုမ္ပဏီတစ်ခုမှာလည်း အကြီးစား ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။သဲလွန်စ အလွန်နည်းပါးနေတဲ့ ဒီအမှုတွဲတွေကို စုံစမ်းဖို့အတွက် အထက်လူကြီးတွေရဲ့ ဌာနတွင်းမှ ဖိအားများနဲ့ စိုးရိမ်ထိတ်လန့်နေသော ဒေသခံများကြားမှာ ဗီဂျေးဟာ မမျှော်မှန်းနိုင်တဲ့အခက်အခဲများကို ဟန်ချက်ညီညီ ရင်ဆိုင်ဖြေရှင်းဖို့အပြင် နောက်ကွယ်က လျှို့ဝှက်ချက်တွေကို အချိန်မီ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။