DSP Dev 2 HD

DSP Dev 2

Action Drama HD 2026-02-13 3 134 Min

၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပြီး အောင်မြင်ခဲ့တဲ့တဲ့ ပန်ချာပီ အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နောက်ဆက်တွဲရုပ်ရှင်ထွက်ရှိလာပါပြီ။ ပထမကားတုန်းကလိုပဲ ပန်ချာပီရုပ်ရှင်လောကရဲ့နာမည်ကြီးအက်ရှင်မင်းသား ဒေ့ဗ်ခါရောင်းကပဲ အဓိကရဲအရာရှိနေရာကနေ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပါတယ်။သိက္ခာချခံထားရပြီး ရာထူးကနေ ဖယ်ရှားခံထားရတဲ့ ရဲအရာရှိ ဒေ့ဗ်ဟာ သူ့ရဲ့ဂုဏ်သိက္ခာကို ပြန်လည်အဖက်ဆယ်ဖို့နဲ့ နာမည်ပျက်ကို ဆေးကြောဖို့အတွက် နောက်ဆုံးအခွင့်အရေးတစ်ခုရရှိလာခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့ သူဟာ မြို့ပြကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်း၊ ငွေမည်းခဝါချဂိုဏ်းတွေနဲ့ သူတို့ရဲ့ နောက်ကွယ်က သြဇာကြီးတဲ့ ကြိုးကိုင်သူတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဖိအားတွေ ပိုမိုများပြားလာပြီး အာဏာပိုင်တွေနဲ့ ရာဇဝတ်ကောင်တွေကြား အကျပ်ရိုက်နေတဲ့ကြားက တရားမျှတမှုအတွက် အသက်အန္တရာယ်ကိုပါ ရင်းပြီးတုံးတိုက်ကြားကိုက်ပေးဆပ်မယ့် အမှန်တရားဘက်တော်သားရဲအရာရှိတစ်ယောက်ရဲ့ စွန့်စားခန်းကိုမြင်ကြရမှာပါ...။