ဒီဇာတ်လမ်းကတော့ ပြိုင်ကားလောကရဲ့ နာမည်ကျော် ပြိုင်ကားသမားဖြစ်တဲ့ ကိုင်းလ်လာဆန်ရဲ့ အင်ဒီယာနာပိုလစ် ၅၀၀ ပြိုင်ပွဲနဲ့ နာစကာ ၆၀၀ ပြိုင်ပွဲကြီးတို့နှစ်ရဲ့ အောင်ပွဲကိုရာသီတစ်ခုအတွင်း ဆွတ်ခူးနိုင်ဖို့ကြိုးပမ်းခဲ့ပုံကို မှတ်တမ်းတင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၂၀၂၄-၂၀၂၅ ရာသီတစ်လျှောက်မှာ ကိုင်လ်ဟာ သူနဲ့ပထမဆုံးစာချုပ်ချုပ်ထားတဲ့အသင်းနဲ့အတူတူ သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တစ်ဖက်မှာလည်း မိသားစုဘဝကိုအတတ်နိုင်ဆုံး နိုင်နိုင်နင်းနင်းဦးဆောင်ခဲ့လဲဆိုတာကို ဒီ documentary ထဲမှာ တွေ့ရမှာပဲဖြစ်ပါတယ်။