Nanu Karunakara FHD

Nanu Karunakara

Drama Family FHD 2026-04-02 8.3 136 Min

ကာရူနာကာရာ ဟာ ရုပ်ရှင်လောကရဲ့ ခါးသီးလှတဲ့ လက်တွေ့ဘဝတွေကြားမှာ အောင်မြင်တဲ့ ဒါရိုက်တာတစ်ဦးဖြစ်ဖို့ ရုန်းကန်နေရသူပါ။ သူ့မှာ လက်တွေ့ကျကျ တွေးတောတတ်ပြီးအိမ်ထောင်ကို ထိန်းသိမ်းရတဲ့ ဇနီးသည် မာမာသာနဲ့ တက်ကြွဖြတ်လတ်တဲ့ သားငယ်လေး အပ်ပူ တို့ ရှိပါတယ်။တစ်နေ့မှာတော့ သားဖြစ်သူလေး အပ်ပူ က ဈေးကြီးတဲ့အရုပ်ကားလေးတစ်စီးကို အသည်းအသန် လိုချင်တောင့်တရာကနေ သူတို့ရဲ့ မိသားစုဘဝလေးဟာ စိတ်လှုပ်ရှားစရာ အလှည့်အပြောင်းတွေ စတင်လာပါတော့တယ်။ တစ်နေ့တာအသုံးစရိတ်ကို မနည်းလောက်ငှအောင် သုံးစွဲနေရတဲ့ သူတို့မိသားစုအတွက် အဲဒီအရုပ်ကားကို ထက်၀က်ဈေးနဲ့ ဝယ်ယူခွင့်ရမယ့် အခွင့်အရေးတစ်ခု ပေါ်လာတဲ့အခါမှာတော့... သားဖြစ်သူရဲ့မွေးနေ့အမှီ အရုပ်ကားဝယ်ပေးနိုင်ဖို့အတွက် အချိန်နဲ့ ငွေကြေးကို လုရတဲ့ ပြိုင်ပွဲတစ်ခု စတင်ပါတော့တယ်။ကာရူနာကာရာ တစ်ယောက် ငွေကြေးရရှိဖို့အတွက် သူ့ရဲ့ ဂုဏ်သိက္ခာကိုအောက်ချပြီး အောက်ခြေသိမ်း အလုပ်ကြမ်းပေါင်းစုံကို လုပ်ကိုင်ခဲ့သလို၊ သူငယ်ချင်းတွေနဲ့ ငွေချေးသူတွေဆီမှာ အကူအညီတောင်းခံပေမယ့်လည်း ရရှိခဲ့တာကတော့ ငြင်းပယ်ခြင်းနဲ့စိတ်ပျက်အားငယ်မှုတွေသာ ဖြစ်ပါတယ်။ ရုပ်ရှင်လောကထဲမှာလည်း သူ့ရဲ့ အိပ်မက်တွေက တဖြည်းဖြည်း ဝေးကွာလို့လာနေတဲ့အခါမှာတော့.....။ဒီဇာတ်ကားဟာ သာမန်ရုပ်ရှင်တွေလို စိတ်ကူးယဉ် ဆန်မနေဘဲ လူ့ဘဝရဲ့ ရုန်းကန်မှု၊ စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံမှုနဲ့ မိသားစုရဲ့ စည်းလုံးခြင်း အင်အားကို အဓိကမီးမောင်းထိုးပြသွားတာပါ။ဘဝရဲ့အစစ်အမှန် ဆုလာဘ်ဆိုတာ ငွေကြေး ရာထူးဂုဏ်ရှိန်တွေမဟုတ်ဘဲ မိသားစုရဲ့ အပြန်အလှန် နားလည်မှု၊ ချစ်ခြင်းမေတ္တာနဲ့ သိက္ခာတရား သာလျှင် ဖြစ်တယ်ဆိုတာကို ဒီဇာတ်ကားကပရိသတ်တွေရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ပေးစွမ်းသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။