Double World FHD

Double World

Action Fantasy Adventure FHD 2020-07-21 6.7 110 Min

ဒီတစ်ခေါက်မှာတော့ ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးက နန်ကျောက်နဲ့ ပေယန်တို့ကြား နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ စစ်ပွဲနဲ့ တင်းမာမှုများကြား ဖြစ်လာခဲ့တဲ့ အရေးအခင်းတစ်ခုကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပေါ့...ပေယန်ဘုရင်သစ် နန်းတက်လာခဲ့ပြီး နန်ကျောက်ကို တိုက်ခိုက်ဖို့ ပြန်လည်ပြင်ဆင်ခဲ့တယ်...နန်ကျောက်ဘုရင်ကို လုပ်ကြံဖို့ ကြိုးပမ်းခြင်းတို့အတွက် တိုင်ရေးပြည်ရာ အခြေအနေများ ရှုပ်ထွေးလာခဲ့တယ်...ဒီအခြေအနေမှာ နန်ကျောက်ရဲ့ အမတ်ချုပ်ကြီးကွမ်းက စစ်သေနာပတိချုပ် ရွေးချယ်ရေး သိုင်းပြိုင်ပွဲကို အကြောင်းပြချက်ကောင်းနဲ့ ပြန်လည်အသက်သွင်းဖို့ကြိုးစားခဲ့တာပေါ့တုန်းယီလုံက သူ့ဘဝဇစ်မြစ်ကို ရှာဖွေလိုပြီ သူ့ကိုယ်သူ သက်သေပြလိုစိတ်ကြောင့် ဒီပြိုင်ပွဲကိုဝင်ပါခဲ့တာပေါ့...ချူဟွမ်နဲ့ တခြားအပေါင်းအသင်းတွေနဲ့ အသင်းအဖွဲ့ဖြစ်လာနိုင်ပြီး... အသက်ရှင်သန်နိုင်ရေးနဲ့ ဂုဏ်သိက္ခာအတွက် ဆက်ပြီး တိုက်ပွဲဝင်ရတာပေါ့...ပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေကတော့ အလွန်ရက်စက်ပြီး မျိုးနွယ်စုတိုင်းရဲ့ ကိုယ်စားလှယ်တွေကို တစ်ယောက်ချင်း သံကြိုနဲ့ ချည်နှောင် ယှဉ်ပြိုင်ခိုင်းတာတွေ...အသင်းသားအချင်းချင်း အပြန်အလှန်သတ်ဖြတ်နိုင်ပြီးမှ စစ်သေနာပတိချုပ်ဖြစ်ခွင့်ရမယ်ဆိုတဲ့အချက်က လူသားမဆန်ခြင်းတွေက ဇာတ်ရှိန်ကို ပိုတင်းမာစေခဲ့တယ်...ဒီလိုကြမ်းတမ်းတဲ့တိုက်ပွဲကြားမှာ... သူတို့ရဲ့ သစ္စာရှိမှုတွေ၊ ခင်မင်မှု သံယောဇဉ်တွေတိုးလာတာကို အပြန်အလှန်အသက်ပေးရုန်းကန်ကြတာတွေ....အပြန်အလှန်မခွဲမခွာ စောင့်ရှောက်ကူညီကြရင်း စိန်ခေါ်မှုတွေကို အဆင့်ဆင့်ကျော်ဖြတ်ခဲ့ကြပြီးမှအပြန်အလှန် သတ်ဖြတ်ရမယ့် ရန်သူတွေဖြစ်လာပြီး...အချင်းချင်းသတ်နိုင်မှ အောင်မြင်နိုင်မယ်ဆိုတော့ စိတ်ဝင်စားဖို့မကောင်းဘူးလား...တစ်ဖက်မှာလည်း အမတ်ချုပ်ကွမ်းရဲ့ ကြံစည်မှုတွေ၊ နောက်ပြီးတော့ တိုင်းပြည်ရေးရာ အသုံးချမှုလှည့်ကွက်တွေကိုပါ မြင်တွေ့ရမှာဖြစ်တယ်...ဒီလို အက်ရှင်နဲ့ ဗျူဟာတွေကို လှလှပပကြီး ရိုက်ကူးတင်ဆက်ထားတာကြောင့် ကြည့်ဖြစ်အောင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်...