တစ်ခုလပ်အမေတစ်ယောက်ဖြစ်တဲ့ Diamond Starr က နေ့ဘက်မှာ သူနာပြုလုပ်ပြီး ညဘက်မှာတော့ သူ့မိသားစုမသိအောင် အဝတ်ချွတ်ကလပ်မှာ အကမယ်လုပ်ပြီး သူ့ကလေးတွေကိုရှာကျွေးနေတဲ့သူတစ်ယောက်ပါ။ဒီလိုနဲ့ တစ်ညမှာတော့ Diamond တစ်ယောက် ကလပ်မှာ အလုပ်လုပ်ရင်း ချမ်းသာတဲ့ ဂီတ ပရိုဂျူဆာ JMac နဲ့ တွေ့ပြီး အပြင်မှာ ဆက်ဒိတ်ရင်းက မိသားစုနဲ့ပါ မိတ်ဆက်ပေးပြီးအတည်တွဲဖြစ်သွားကြပါတယ်။ဒါပေမဲ့ သူတိုနှစ်ယောက်ရဲ့ ရိုမန့်တစ်အချစ်ရေး သာယာနေတဲ့အချိန် JMac ရဲ့ အရင်က တရားမဝင် ရာဇဝတ်လောကသား မိတ်ဆွေတွေ ပြန်ပေါ်လာချိန်မှာတာ့ Diamond နဲ့သူ့မိသားစုတစ်ခုလုံး အန္တရာယ်ထဲ ဆွဲသွင်းခံလိုက်ရပြီး.... Diamond က အချစ်အတွက် ဘာတွေကို စတေးသွားမလဲ၊ အချစ်ကြောင့် သူပေးလိုက်ရမဲ့ အဖိုးအခတွေက ဘာလဲဆိုတာကိုသည်းထိတ်ရင်ဖို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။