Mothernet FHD

Mothernet

Drama Science Fiction FHD 2026-01-22 7.5 107 Min

ရာမဆိုတဲ့ အသက် ၁၆ နှစ်အရွယ်လူပျိုပေါက်ကောင်လေးတစ်ယောက်မှာ ကြီးမားတဲ့စိတ်ဒဏ်ရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဖခင်ဖြစ်သူ ဟန်ဒီနဲ့ အမြဲတမ်းအဆင်မပြေပဲတစ်ချိန်လုံးအငြင်းပွားရန်ဖြစ်နေရတာပါပဲ။ မိခင်ဖြစ်သူ လာရပ်စ်ကသာ မေတ္တာနဲ့နားလည်မှုပေးပြီး သားအဖနှစ်ယောက်ကြားမှာ အလိုက်သင့်ညှိနှိုင်းပေးနေတဲ့အခရာတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မိခင်ဖြစ်သူရုတ်တရက်ကွယ်လွန်ချိန်မှာတော့ သားအဖနှစ်ယောက်လုံး ရုတ်တရက်လမ်းပျောက်သွားခဲ့ရပါတယ်။ ဖခင်ဖြစ်သူနဲ့ထိပ်တိုက်မတွေ့ချင်၊ စကားပြောဖို့ဝန်လေးတဲ့ရာမဟာဟက်ကာသူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့သူ့အမေရဲ့ ပင်ကိုယ်စရိုက်၊ အပြုအမူတွေအတိုင်း အွန်လိုင်းပေါ်ကနေ အတုယူတုံ့ပြန်ပေးမယ့် AI App တစ်ခုကို ဖန်တီးပြီး သုံးစွဲပါတော့တယ်။ အမေ တကယ်ရှိနေသလို ခံစားရစေတဲ့ အဲဒီ AI အက်ပ်ကို သုံးရင်း သုံးရင်းနဲ့ နောက်ဆုံးမှာ ရာမတစ်ယောက် အပြင်လောကက လူသားတွေနဲ့ သူ့ဖခင်ထက် AI ကိုပဲ ပိုပြီးအားကိုးစွဲလမ်းသွားတဲ့အခါမှာတော့...။ AI နည်းပညာဟာ  ကျွန်တော်တို့မိသားစုဝင်တွေနေရာကိုတကယ်ပဲအစားထိုးဝင်ရောက်နိုင်လားဆိုတဲ့ဒီနေ့ခေတ်အတွက် သတိထားစရာမေးခွန်းကိုအားကောင်းကောင်းနဲ့မီးမောင်းထိုးပြသွားပါတယ်။ တစ်ဖက်ကလည်း Ai နဲ့ အနာဂတ်ကာလကိုအခြေခံထားပေမယ့် လူငယ်တစ်ယောက်ရဲ့ရှုပ်ထွေးတဲ့ စိတ်ဒဏ်ရာတွေ၊ ဖခင်ဖြစ်သူနဲ့ကြား ဆက်ဆံရေးလိုအပ်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုပီပီပြင်ပြင်သရုပ်ဖော်ထားပြီး VFX တွေအတော်များများ သုံးထားပေမယ့် တခြား Sci-Fi ကားတွေလိုမျက်စိစူးစရာ အရောင်တွေပြောင်လက်တောက်ပမနေပဲလက်တွေ့ဘ၀နဲ့အနီးစပ်ဆုံးပြထားနိုင်တာလည်း ချီးကျူးစရာကောင်းပါတယ်။