၁၉၃၀ ပြည့်လွန်နှစ်များက (ဒုတိယကမ္ဘာစစ်မဖြစ်ပွားခင်) ဂျပန်စစ်တပ်ဟာ တရုတ်နိုင်ငံကို မသိမ်းပိုက်ခင် တရုတ်လူမျိုးတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖိုအတွက် "Hades" (ဟေးဒီးစ်)လိုခေါ်တဲ့ လျှိဝှက်အဖွဲအစည်းတစ်ခုကို ဖွဲစည်းခဲ့ပါတယ်အဲဒီအဖွဲဟာ တရုတ်ကလေးငယ်တွေကို ဖမ်းဆီးပြီးနောက် ဂျပန်နိုင်ငံအတွက် သစ္စာရှိပြီး ရက်စက်တဲ့ လူသတ်သမားတွေဖြစ်လာအောင် ငယ်စဥ်ကတည်းကသိုင်းပညာတွေနဲ့တိုက်ခိုက်ရေးနည်းပညာတွေကို လေ့ကျင့်ပေးခဲ့ပါတယ်K-29 ဟာလည်း အဲဒီလို ငယ်စဥ်ကတည်းက ဖမ်းဆီးခံခဲ့ရပြီး Hades ဂိုဏ်းမှာ အတော်ဆုံးဖြစ်အောင် လေ့ကျင့်ပေးခြင်းခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ ဒါပေမဲ့ သူဟာမတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့အစ်ကိုဖြစ်သူကို သတ်မိသွားခဲ့ပြီးနောက်မှာတော့ နောင်တရပြီး Hades ဂိုဏ်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ သူဟာ ရှောင်လင်ဘုန်းကြီးကျောင်းမှာ ကိုယ်ခံပညာတွေကို ဆက်လက်ဆည်းပူးပြီး သူတစ်ပါးကို ကာကွယ်ပေးမယ့် "Vajra" ဖြစ်လာခဲ့ပါတယ်တစ်နေ့မှာတော့ ဟေးဒီးစ်ဂိုဏ်းဟာ တရုတ်နိုင်ငံမှာ သူတိုရဲ့ အာဏာကို ပြန့်ပွားဖိုနဲ့ K-29 ကို ပြန်လည်ကလဲ့စားချေဖိုအတွက် တရုတ်ပြည်တွင်းမှာ စစ်သည်တော်ပြိုင်ပွဲတစ်ခုကို ကျင်းပပြီးတရုတ်ရဲဘော်တွေနဲ့ ကလေးငယ်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်သူ့ရဲ့ အတိတ်ဆိုးတွေရှိခဲ့တဲ့ ဂိုဏ်းကို အပြီးတိုင်ချေမှုန်းဖိုနဲ့ ဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို မိခင်နိုင်ငံတော်အတွက် K-29 တစ်ယောက် "ဟေးဒီးစ်" ရဲ့အန္တရာယ်အရှိဆုံး သိုင်းသမားတွေ ထိပ်သီးလူသတ်သမားတွေကို ရင်ဆိုင်ဖိုဖြစ်လာပါတော့တယ်Action ဝါသနာအိုးတွေအတွက် လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ