The Mandalorian and Grogu 4K

The Mandalorian and Grogu

Action Adventure Science Fiction 4K Movies 4K 2026-05-20 6.734 132 Min

Star Wars ပရိသတ်တွေ အချစ်တော် ကြေးစားမုဆိုး Din Djarin (Mando) နဲ့ ချစ်စရာ Grogu တို့ရဲ့ စွန့်စားခန်းတွေကို Disney+ စီးရီးကနေ ရုပ်ရှင်ဖန်သားပြင်ကြီးပေါ် အသက်သွင်းလာတဲ့ ကားပါ။ဇာတ်လမ်းကတော့ အင်ပါယာကြီး ပြိုကွဲသွားပေမဲ့ ဂလက်ဆီအနှံ့မှာ ပုန်းအောင်းကျန်ရစ်နေသေးတဲ့ အင်ပါယာ စစ်ဘုရင် (Imperial warlords)တွေကို ရှင်းလင်းဖို့ New Republic ဘက်က Mando ကို အကူအညီတောင်းရာကနေ စတာပါ။Mando တစ်ယောက် Grogu လေးကို ခေါ်ပြီး အန္တရာယ်များတဲ့ မစ်ရှင်တွေကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ရင်ခုန်စရာ ကြည့်ရမှာပါ။ ဖခင်တစ်ယောက်လို ဖြစ်နေတဲ့ Mando နဲ့ သားလေး Grogu တို့ရဲ့ သံယောဇဉ်ကို အက်ရှင်ခန်း မိုက်မိုက်တွေ၊ အထူးပြုလုပ်ချက် အလန်းစားတွေနဲ့ ပေါင်းစပ်ထားတာမို့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ကားမျိုးပါပဲ။2019: The Mandalorian Season 1Mando ဟာ ဆုကြေးစားမစ်ရှင်တစ်ခုမှာ Grogu (The Child) ကို စတင်တွေ့ရှိခဲ့ပြီး အပ်မယ့်အစား ကိုယ်တိုင်ကာကွယ်စောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။