The Doll Master HD

The Doll Master

Horror HD 2004-08-06 5.971 90 Min

လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ လောက်က တောင်ခြေရွာလေးတစ်ရွာမှာ အနီရောင်ကီမိုနိုဝတ်ဆင်တတ်တဲ့မိန်းကလေးတစ်ယောက်ဟာ အရုပ်ဖန်တီးပြုလုပ်တဲ့လူငယ်တစ်ဦးနဲ့ မေတ္တာမျှခဲ့ကြတယ် ။ လူငယ်ဟာ မိန်းကလေးကို မြတ်နိုးလွန်းလို့ သူမနဲ့တူတဲ့အရုပ်လေးတစ်ရုပ်ကိုတောင် ပြုလုပ်ထားခဲ့တယ် ။ဒီလိုနဲ့ တစ်နေ့မှာတော့ ကီမိုနိုဝတ်တဲ့မိန်းကလေးကို သူ့အခန်းထဲမှာ သေဆုံးလျက်ရှိတာကိုတွေ့လိုက်ရပါတော့တယ် ။တာဝန်ရှိသူတွေက လူငယ်ကို ဖမ်းဆီးရိုက်နှက်စစ်မေးရာကလက်လွန်ပြီး လူငယ်အသက်သေဆုံးတဲ့အထိ ဖြစ်သွားခဲ့တယ် .. ထူးဆန်းတာက လူငယ်ရဲ့အုတ်ဂူဘေးမှာသူဖန်တီးခဲ့တဲ့အရုပ်လေးက အမြဲရှိနေတာပါပဲ ။ဒီလိုနဲ့ နှစ်တွေကြာသွားပြီးနောက်မှာတော့ အဲဒီတောင်ခြေရဲ့အပေါ်က အရုပ်ပြတိုက်တစ်ခုကို လူငယ် ၅ ယောက် ရောက်လာခဲ့ကြတယ်။သူတို့ဟာ အရုပ်လေးတွေအတွက် မော်ဒယ်လုပ်ပေးဖို့ ဖိတ်ကြားခံရတဲ့အတွက် စိတ်ဝင်တစားနဲ့ရောက်လာခဲ့ကြတာပါ။အဲဒီအရုပ်ပြတိုက်မှာ ပြတိုက်မှူး၊ မသန်စွမ်းတဲ့ အရုပ်ဖန်တီးသူဆရာမနဲ့ မြေအောက်ခန်းမှာ သံခြေကျင်းခတ်ခံထားရတဲ့လူတစ်ယောက်အပြင် မီနာဆိုတဲ့ မိန်းကလေးငယ်တစ်ယောက်လည်းရှိနေခဲ့တယ်။ဒါပေမဲ့ သူတို့ဟာ အရုပ်ပြတိုက်ကိုရောက်ပြီးတဲ့နောက် ခဏတာပျော်ရွှင်ရပြီး မကြာခင်မှာပဲ ထိတ်လန့်စရာအဖြစ်ဆိုးတွေနဲ့ တွေ့ကြုံရပါတော့တယ် .. ။အဲဒီလူငယ်တွေဟာ ဘာကြောင့် ဒီအရုပ်ပြတိုက်ကို ထူးထူးခြားခြားဖိတ်ခေါ်ခံခဲ့ရတာလဲ . . . မသင်္ကာစရာကောင်းတဲ့ ပြတိုက်မှူးနဲ့ အရုပ်ဖန်တီးသူဆရာမ မိန်းကလေးမီနာတို့ရဲ့ သရုပ်မှန်ကရော ဘာများဖြစ်မလဲ . . လူငယ် ၅ ယောက်ဟာ ဒီထိတ်လန့်စရာကောင်းတဲ့ပြတိုက်ကနေ ပြန်ထွက်သွားနိုင်ပါ့မလား . . .    ဆိုတာ ဒီ Doll Masterဇာတ်ကားလေးထဲမှာ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုပေးပါဦးနော်။