ဒီကားဟာ ၂၀၂၄ ထုတ် နာမည်ကျော် Hidup Ini Terlalu Banyak Kamu ဇာတ်ကားရဲ့ တိုက်ရိုက်အဆက်ဖြစ်ပြီး ပထမ ဇာတ်ကားက ဖြစ်ရပ်တွေအပြီး ၃ နှစ်အကြာမှာဇာတ်အိမ်တည်ထားပါတယ်။ဆာဒါလီက အတိတ်ကိုကျောခိုင်းပြီး မာဂီလန်းမှာ ပန်းချီဆရာအဖြစ် ဖြတ်သန်းရင်း သူ့ဘ၀ရဲ့အရေးကြီးဆုံး ပန်းချီပြပွဲအတွက် ပြင်ဆင်နေပါတယ်။ ဒါပေမယ့် အတိတ်ကချစ်သူဟောင်း မာရာအိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းစကားကြောင့် ရုန်းမထွက်နိုင်သေးတဲ့၊ ရုန်းထွက်နိုင်ခဲ့ပြီလို့ သူထင်ခဲ့တဲ့ အတိတ်နဲ့အတူ မာရာ၊ အန်နာဇာတို့ဟာသူ့ဘ၀ထဲကိုတကျော့ကိုယ်စီပြန်ရောက်လာကြပြီး မပြီးပြတ်သေးတဲ့ အတိတ်ဇာတ်လမ်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ဖြစ်လာပါတော့တယ်။ဒီဇာတ်ကားကိုလည်း ပရိသတ်တွေရဲ့တုန့်ပြန်မှုကောင်းတွေပဲ လက်ခံရရှိထားပြီး ဒရာမာများနေတဲ့ပထမဇာတ်ကားထက်စာရင် ဇာတ်ကောင်တွေက ပိုမိုရင့်ကျက်လာကြပြီး အချင်းချင်းအပြစ်တင်ငြူစူမှုတွေအစားအတိတ်က အရိပ်တွေကို ပြည်ဖုံးကားချဖို့ Closure ယူပုံကိုအလေးပေးထားသလို တည်ငြိမ်တဲ့ အရောင်တွေ နောက်ခံဂီတအေးအေးလေးတွေကို Producton designအမိုက်စားတွေနဲ့သေသေသပ်သပ်တင်ဆက်ထားပါတယ်။ပထမကားမကြည့်ဖူးသူတွေပါကြည့်လို့ရမယ့် တန်းမြင့် romance/drama ကားကောင်းတစ်ကားပါ။