အချစ်ကိုစတင်ရတာ လွယ်ပေမယ့် အချစ်ကို ထိန်းသိမ်းဖို့က ခက်တယ်ဆိုသလိုရီရှပ်နဲ့ လက်ရှ်မီးတို့ အိမ်ထောင်ရေးကလည်း အိမ်ထောင်သက် သုံးလကျော်မှာပဲတစောင်းဆေးနဲ့ မျက်ချေးဆိုသလို မျက်နှာချင်းဆိုင်လို့မရတဲ့ထိဖြစ်လာကြပါတော့တယ်။ဒီမှာပဲ တရားရုံးမှာ ကွာရှင်းပြတ်စဲကြဖို့ လုပ်တော့ တရားသူကြီးကအိမ်ထောင်ရေးအတိုင်ပင်ခံဆီက ကွာရှင်းခွင့်ထောက်ခံချက်ယူခဲ့ဖို့အမိန့်ချလိုက်ပါတယ်။အိမ်ထောင်ရေးအတိုင်ပင်ခံ ဒေါက်တာဆီကို နှစ်ယောက်သားရောက်သွားချိန်မှာဒေါက်တာပြောပြတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတပုဒ်ကို နားထောင်ပြီးချိန်မှာတော့၊အချစ်က အချိန်ကြာလာတာနဲ့အမျှ ဘယ်လိုပြောင်းလဲသွားလဲ၊ နားလည်မှု မရှိတော့တဲ့အခါ ဆက်ဆံရေးတခုကိုပြန်ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်ခံစားမှုအပြည့်နဲ့ ကြည့်ရှုကြရမှာပါ။