A Simple Life HD

A Simple Life

Drama HD 2012-03-09 7.5 118 Min

.ထောင်ကျဲဆိုတဲ့ အစ်မထောင်ရဲ့ ရိုးရှင်းတဲ့ဘဝကနေစပါတယ်။ အစ်မထောင်က လီမိသားစုမှာနှစ်ဆယ်ချီပြီး အိမ်အကူလုပ်နေတဲ့သူတစ်ယောက်ပါ။ လီမိသားစုရဲ့မျိုးဆက်၄ဆက်တိုင်အောင်ပြုစုစောင့်ရှောက်ပေးလာတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။  တစ်နေ့မှာတော့  သူဟာနေ့ဓဒူဝ လုပ်နေ့ကြအတိုင်းအိမ်အလုပ်တွေကိုလုပ်ရင်း ရုတ်တရက်လဲကျသွားပြီး ပြန်နိုးလာတဲ့အချိန်မှာတော့ သူဟာဆေးရုံမှာရောက်နေတာကိုသိလိုက်ရပါတယ်။ လေဖြတ်သွားတဲ့အစ်မကြီးထောင်က သူ့ရဲ့အိမ်ရှင်ရော်ဂျာကိုအလုပ်မရှုပ်စေချင်တဲ့အတွက်ဘိုးဘွားစောင့်ရှောက်ရေးဂေဟာကိုပဲပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ရော်ဂျာကလဲသူ့ဆန္ဒကိုလိုက်လျောပေးခဲ့ပါတယ်။ ဒါပေမယ့် အလုပ်များတဲ့ရော်ဂျာက အစ်မကြီးထောင်ကိုပစ်ပယ်မထားပဲ သူငယ်ငယ်တုန်းက သူ့ကိုအစ်မကြီးထောင်ကစောင့်ရှောက်ပေးခဲ့သလိုစေတနာအပြည့်နဲ့ လူအိုရုံကိုအမြဲလာကြည့်ပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ ရော်ဂျာက အစ်မကြီးထောင်ရဲ့ဘဝနောက်ဆုံးအချိန်တွေမှာ အကောင်းဆုံးတွေပဲ တတ်နိုင်သလောက်လုပ်ပေးရင်းသွေးမတော်တဲ့လူ၂ယောက်ကြားက မေတ္တာ စေတနာနဲ့ သံယောဇဉ်တွေကို ရိုးရိုးရှင်းရှင်းလေးရင်ထဲထိအောင်ချပြသွားခဲ့တာပဲဖြစ်ပါတယ်