Crime-Action ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ၂၀၂၆ ထွက် Gangster မူဗီလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးဟာ လူမိုက်လောကရဲ့ အာဏာ သစ္စာတရားနဲ့ သစ္စာဖောက်မှုတွေကြား ပိတ်မိနေတဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် … ပစ်ခတ်ခန်းတွေအက်ရှင်ခန်းတွေအပြင် စိတ်ခံစားချက်ပိုင်းကိုပါ အလေးထားထားလို့ကြည့်ရတာ ပိုပြီး အသက်ဝင်စေမှာပါဒီကားရဲ့ အဓိကဇာတ်ကောင်နေရာမှာ ပရိသတ်တွေရဲ့ အချစ်တော် ဟောင်ကောင်မင်းသားကြီး Vincent Wong က ပါဝင်သရုပ်ဆောင်ထားပါတယ်…Vincent Wongပရိသတ်တွေအတွက်တော့အေးချမ်းတဲ့ဘဝကို ရှာဖွေနေတဲ့ လူတစ်ယောက်က အတိတ်ရဲ့ အရိပ်တွေကြောင့် လူမိုက်လောကထဲ ပြန်လည်ခြေချရတဲ့ ဇာတ်ရုပ်ကို ဘယ်လိုပုံဖော်ထားသလဲဆိုတာကြည့်ရှုရမှာဖြစ်လို့ လက်မလွတ်သင့်တဲ့ ကားတစ်ကားဖြစ်ပါတယ်လွန်ခဲ့တဲ့ ရှစ်နှစ်က ဂိုဏ်းဝင်အကြီးပိုင်းတစ်ယောက်ဖြစ်တဲ့ ကျားလဲ့ဟာ သူ့ညီအစ်ကိုအတွက် အပြစ်ကို ကိုယ်စားခံပြီး ထောင်ကျသွားခဲ့ပါတယ်ထောင်ကလွတ်လာပြီးနောက်မှာတော့ လူမိုက်လောကနဲ့ ဝေးဝေးနေပြီး အေးအေးချမ်းချမ်း ဘဝသစ်တစ်ခု စတင်ဖို့ ကြိုးစားပေမဲ့ ကံကြမ္မာက သူ့ကို ပြန်လည်ဆွဲခေါ်လာခဲ့ပါတယ်သူ့ရဲ့ အရင်ခေါင်းဆောင်က ဂိုဏ်းကို သူ့လက်ထဲ အပ်ချင်နေချိန်မှာ ကျားလဲ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကြောင့် အာဏာရလာတဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့ ပြန်လာခြင်းကိုအန္တရာယ်တစ်ခုအဖြစ် မြင်နေခဲ့ပါတယ်အာဏာလုမှုတွေ လျှို့ဝှက်ချက်တွေ အတိတ်က အကြွေးဟောင်းတွေကြားမှာ ကျားလဲ့ဟာ ရှောင်လွှဲဖို့ ကြိုးစားရင်းနဲ့ပဲ နောက်ဆုံး လူမိုက်လောကထဲ ပြန်အခြေချရတဲ့ အခြေအနေကိုရောက်လာပါတယ်အတိတ်က အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်ဖို့နဲ့ မပြီးဆုံးသေးတဲ့ အကြွေးတွေကို ရှင်းဖို့ သူဟာ တစ်ဖန် လက်နက်ကို ပြန်ကိုင်ရပါတော့တယ်အက်ရှင်ခန်းတွေ Gangster ဒရာမာတွေ Plot Twist တွေနဲ့ အတိတ်လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း ဖော်ထုတ်သွားတဲ့ ဇာတ်လမ်းမျိုးကြိုက်တဲ့ကြည့်ရှုသူပရိသတ်တွေအတွက်ဒီကားလေးက အရသာတွေ့စေမှာပါ။