This Life of Mine HD

This Life of Mine

Comedy Drama HD 2024-09-18 5.5 99 Min

ဒီဇာတ်ကားဟာ ပြင်သစ်ရုပ်ရှင်လောကရဲ့ အမျိုးသမီးဒါရိုက်တာ Sophie Fillières ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ပြီး၊ သူမ ကွယ်လွန်ပြီးနောက်မှ ပရိသတ်ရှေ့မှောက် ရောက်ရှိလာခဲ့ပါတယ်။သူမရဲ့ သားသမီးတွေက ဒီဇာတ်ကားကို အပြီးသတ် တည်းဖြတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါရိုက်တာရဲ့ ဘဝနောက်ဆုံးအချိန် ခံစားချက်တွေ နှောနေတဲ့ လေးနက်လှတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အတိတ်တုန်းက အမြဲတမ်း ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းခဲ့သလို သားသမီးတွေအပေါ်မှာလည်း ချစ်ခြင်းမေတ္တာအပြည့်နဲ့ နွေးထွေးတဲ့ မိခင်တစ်ဦးအဖြစ်ဖြတ်သန်းခဲ့တဲ့ ဘာဘီအမည်ရှိ အမျိုးသမီးကြီးအကြောင်း ဖြစ်ပါတယ်။ အချိန်တွေ ကုန်ဆုံးလို့ အသက် ၅၅ နှစ်အရွယ်ကို ရောက်ရှိလာတဲ့အခါမှာတော့ သူမရဲ့ ဘဝထဲကို စိန်ခေါ်မှုအသစ်တွေ၊အထီးကျန်မှုတွေ တပြိုင်နက်တည်း ရောက်ရှိလာပါတော့တယ်။သူမဟာ ခန္ဓာကိုယ် အိုမင်းရင့်ရော်လာမှု၊ မိသားစုထဲမှာ မိမိရဲ့ အရေးပါမှု လျော့နည်းလာမှုတွေကြောင့် "ငါဟာ  ဘယ်သူလဲ" ဆိုတဲ့ မိမိကိုယ်ပိုင် ဖြစ်တည်မှု ပြဿနာတွေနဲ့လွန်ဆွဲရပါတော့တယ်။ ဒီလို စိတ်ဖိစီးမှုတွေကြားထဲမှာ ဘာဘီဟာ တဖြည်းဖြည်းနဲ့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တော့ဘဲ စိတ်ဓာတ်ကျခြင်းတွေ၊  စိတ်ဆတ်ပြီးပေါက်ကွဲတတ်တွေနဲ့ နေ့စဉ်ဘဝရဲ့ ဖြေရှင်းလို့မရတဲ့ အဓိပ္ပာယ်မဲ့မှုတွေထဲကို တဖြည်းဖြည်း နစ်မြုပ်သွားပါတော့တယ်။ အသက်အရွယ်ရလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရင်တွင်းခံစားချက်တွေကိုဟာသနှောပြီး တစ်ခန်းချင်းစီ ခွဲခြားရိုက်ပြထားပါတယ်။