Cast a Deadly Spell FHD

Cast a Deadly Spell

Comedy Fantasy Horror Mystery TV Movie FHD 1991-09-07 6.1 96 Min

၁၉၄၈ လောစ့်အိန်ဂျယ်လစ်စ်မှာ လူတိုင်းလူတိုင်းက မန္တရားနဲ့စုန်းကဝေ အတတ်တွေကို ထမင်းစားရေသောက်အသုံးပြုနေကြတဲ့ကမ္ဘာတစ်ခုမှာ ဇာတ်လမ်းကိုအခြေခံထားပါတယ်။ အဲ့ဒီထဲကမှအလွတ်စုံထောက် ဖိလစ်လပ်ဖ်ကရက်ဖ်ကတော့ မှော်၊ အောက်လမ်းတွေကို တစ်ခုမှ မသုံးပဲကိုယ်ပိုင်အသိဉာဏ်၊ သေနတ် နဲ့ကျွမ်းကျင်မှုတွေကိုပဲအသုံးချပြီး အမှုလိုက်တဲ့ တစ်ဦးတည်းသောစုံထောက်ပါ။ တစ်ရက်တော့ မြို့မျက်နှာဖုံးသူဌေး အာမိုစ်ဟက်ခ်ရှောဆိုသူကသူ့ကို အမှုတစ်ခုလာအပ်ပါတယ်။ အဲ့ဒါကတော့ အခိုးခံလိုက်ရတဲ့ "Necronomicon" လို့ခေါ်တဲ့တန်ဖိုးမဖြတ်နိုင်တဲ့မှော်စာအုပ်ကိုပြန်ပြီး အရယူပေးဖို့ပါပဲ။ တကယ်တမ်း လပ်ဖ်ကရက်ဖ် တစ်ယောက်စာအုပ်နောက်ကို လိုက်တဲ့အချိန်မှာတော့ အဲ့ဒီစာအုပ်ကိုသုံးပြီး သန်းခေါင်ယံအချိန်မှာကမ္ဘာကြီးကို ဖျက်ဆီးမယ့် ရှေးဟောင်းနတ်ဘုရားကြီး Cthulhu ကိုဆင့်ခေါ်မယ့် အကြံအစည်ကိုသိသွားပါတော့တယ်။အမှောင်ထုနဲ့အရိပ်တွေ၊ နီယွန်မီးရောင်အောက်က မြို့ပြညတွေ၊ လောကကြီးကိုစိတ်ကုန်နေတဲ့ စကားပြောထောင့်မကျိုးတဲ့စုံထောက်တစ်ယောက်၊ စီးကရက်လက်ကြားက မချတဲ့မိန်းမလှလေး၊ နောက်ခံမှာသဲ့သဲ့ကြားရတဲ့ jazz သီချင်းတွေနဲ့ စုန်းကဝေလောကကို Neo-Noir ရုပ်ရှင်အဖြစ်အပီအပြင်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။