ဒီကားက ၁နာရီခွဲသာကြာပြီး ဇာတ်လမ်းအစမှာတင် ကမ္ဘာတစ်ခုလုံးကရေတွေက အဆိပ်တောက်ဖြစ်ပြီး လူတွေကိုသတ်နေခဲ့တာကြောင့်လူတွေကရေကိုအောင်စတွေနဲ့ တစ်နေ့ကိုဘယ်လောက်ဆိုပြီးတိုင်းတာပြီးသောက်သုံးနေကြရတယ် အဲ့တာကိုဖြေရှင်းဖို့ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တွေကကြိုးစားနေပြီး အထူးသဖြင့်အဖြေနဲ့အနီးကပ်ဆုံးလို့ထင်ရတဲ့Dr.Ashgrove, Jenniferအနေနဲ့Amanda Brugelကသရုပ်ဆောင်ထားပါတယ် သူ့ခင်ပွန်းအနေနဲ့ကတော့Jasonအဖြစ်နဲ့Jonas Charnickပေါ့ လူသားတွေကိုကယ်တင်ရမယ့်တာဝန်တွေပိနေတဲ့မိန်းမတစ်ယောက်က အလုပ်မှာပဲတာဝန်ပိနေခဲ့ပြီးအိမ်ထောင်ရေးဘက်ကိုလည်းဂရုမစိုက်နိုင်ဖြစ်ပြီး အတိတ်မေ့ရောဂါစတင်ခံစားလာခဲ့ရတာပေါ့ အဲ့ကနေမှအလုပ်ကခနအနားယူတာကနေ အိမ်ထောင်ရေးပဋိပက္ခတွေကို သဘာဝဆန်ဆန်ရိုက်ကူးထားပါတယ်