Encounters of the Spooky Kind FHD

Encounters of the Spooky Kind

Action Comedy Fantasy Horror FHD 1980-12-24 6.815 104 Min

ဘယ်အရာကိုမှမကြောက်တတ်ဘဲ သတ္တိကောင်းလွန်းလို ရွာထဲမှာ နာမည်ကြီးသူတစ်ဦးကတော့ "သတ္တိခဲချောင်"ပဲ ဖြစ်ပါတယ် တစ်ရက်မှာတော့ သူဟာ သူငယ်ချင်းတွေရဲ့ စိန်ခေါ်မှုကြောင့်သရဲခြောက်တဲ့ အိမ်အိုကြီးထဲမှာ တစ်ညတာ သွားရောက်ဖြတ်သန်းရာကနေ သဘာဝလွန် ဖြစ်ရပ်ဆိုးတွေနဲ့ စတင်ကြုံတွေ့ရပါတော့တယ်တကယ်တော့ ဒါတွေဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ သူ့ရဲ့အလုပ်ရှင် "သခင်ကြီးတန်" က စီစဉ်ထားတာပါသခင်​​ကြီးတန်က ချောင်ရဲ့ မိန်းမနဲ့ ဖောက်ပြန်နေပြီး ဒီလျှိဝှက်ချက် ပေါက်ကြားသွားမှာစိုးရိမ်တာကြောင့် ချောင်ကို လုပ်ကြံဖို အောက်လမ်းဆရာတစ်ဦးကို ငှားရမ်းခဲ့ပါတယ်အောက်လမ်းဆရာက ပြုစားထားတဲ့ သရဲတစ္ဆေတွေ ဖုတ်ကောင်တွေ သုံးပြီး ချောင်ကို အသက်အန္တရာယ်ပြုဖို ကြိုးစားပါတော့တယ်ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ အောက်လမ်းဆရာရဲ့ စိတ်ကောင်းရှိတဲ့ ညီနောင် ဆရာတစ်ဦးက ချောင်ဘက်ကနေ ကူညီပေးခဲ့ပြီး အောက်လမ်းပညာတွေကို ကွန်ဖူးပညာ အစီအရင်တွေနဲ့ပြန်လည်ခုခံတိုက်ခိုက်တဲ့ တရုတ်ရိုးရာ သဘာဝလွန်တိုက်ပွဲကြီး စတင်ပါတော့တယ်ခေတ်ဟောင်း ဟောင်ကောင် ကွန်ဖူးရုပ်ရှင် ဝါသနာအိုးတွေနဲ့ သရဲဟာသကား ကြိုက်သူတွေအတွက်  လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ