ဒီဇာတ်လမ်းကတော့ အထီးကျန်နေတဲ့ ကလေးတစ်ယောက်နဲ့ လူငယ်တစ်ယောက်ကြားက မိသားစုလိုသံယောဇဉ်ကြောင့် ရင်ထဲခံစားသွားရမဲ့ ပြင်သစ် coming-of-age ဒရမ်မာတစ်ကားပဲဖြစ်ပါတယ်။ ရုတ်တရက် အမေဆုံးသွားပြီးနောက်ပိုင်း ၁၃ နှစ်အရွယ်ကောင်လေး Pierre က သူ့အဖေနဲ့ တောမြို့လေးကို ပြောင်းလာခဲ့တယ်။သူက သူငယ်ချင်းတွေကြား အနိုင်ကျင့်ခံရပြီးသူ့အမေကို လွမ်းတဲ့စိတ်နဲ့ တစ်ယောက်တည်း ပူဆွေးနေရင်း စကိတ်စီးရတာက သူ့အတွက် သူ့ဘဝကို လဲကျနေရာက ပြန်ထူထောင်ပေးနိုင်တဲ့စိတ်အားထက်သန်မှု့ ဖြစ်လာခဲ့တယ်။နောက်တော့ Pierre က သူ့အဖေရဲ့လယ်ကွက်မှာ အလုပ်လုပ်တဲ့ တစ်ယောက်တည်းနေတတ်တဲ့ ဆင်းရဲသား အလုပ်သမား Bertrand ဆိုတဲ့ ကောင်လေးနဲ့ ဆုံခဲ့တယ်။အများစု မသိတဲ့အချက်ကတော့ Bertrand က အရင်က တော်တဲ့ စကိတ်သမားတစ်ယောက် ဖြစ်ခဲ့ဖူးတာပါပဲ။ဒီလို အားကစားတစ်ခုအပေါ် စိတ်အားထက်သန်မှု့ တူတဲ့ သူတို့နှစ်ယောက်က မကြာခင်မှာပဲ မထင်မှတ်ထားတဲ့ ရင်းနှီးမှုသံယောဇဉ်ပေါ်လာပြီး Bertrand က Pierre ကို ဆရာအဖြစ်နဲ့စကိတ်စီးသင်ပေးရင်း အစ်ကိုကြီးတစ်ယောက် ဖခင်တစ်ယောက်အနေနဲ့ စောင့်ရှောက်ပေးလာခဲ့ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက် အချင်းချင်းရဲ့ အထီးကျန်မှုတွေကို အဖော်ပြုရင်း ကိုယ်စီ စိတ်ဓာတ်ရာတွေကို ကုစားပြီး သူတို့ကို အထင်သေးနှိပ်ကွပ်တတ်တဲ့ လူ့အသိုင်းအဝိုင်းကိုဘယ်လိုအံတုမလဲဆိုတာကို ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။