Round the Decay FHD

Round the Decay

Horror Adventure FHD 2025-01-31 4.7 105 Min

လွန်ခဲ့တဲ့ နှစ်နှစ်က လျှို့ဝှက်ဆန်းကြယ်စွာပျောက်ဆုံးသွားတဲ့ ခင်ပွန်းလောင်းဖြစ်သူကိစ္စကိုအဖြေရှာဖို့အတွက် ကန်ဇီဟာ Newport’s Valleyဆိုတဲ့တောင်ပေါ်ခရီးသွားမြို့လေးကိုပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ တောင်တက်သမား သူငယ်ချင်းတစ်စုဟာ တောင်ကုန်းတွေပေါ်က အဝင်အထွက်ပိတ်ထားတဲ့ဂူတစ်ခုထဲကို မတော်တဆရောက်ရှိသွားပြီးWrexsoul လို့ခေါ်တဲ့ အိပ်ပျော်နေတဲ့လူသားစားမိစ္ဆာကြီးကို သွားပြီး နှိုးမိလိုက်ကြပါတယ်။ အဲ့ဒီမိစ္ဆာကြီးက လာရောက်လည်ပတ်သူတွေကိုရော မြို့ခံတွေကိုပါ မချန်တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးစားသောက်လာချိန်မှာတော့ ဧည့်သည်တွေရော အိမ်ရှင်တွေပါ ပူးပေါင်းပြီးအသက်ရှင်သန်ရေး၊ ဒီသတ္တဝါကြီးကိုနှိမ်နင်းဖို့အရေးအတွက်နဲ့ပူးပေါင်းဆောင်ရွက်ရင်းနောက်ကွယ်က အကြောင်းရင်းတွေကို ဖော်ထုတ်ဖို့ပါ အသည်းအသန်တိုက်ပွဲဝင်ကြရပါတော့တယ်။အင်ဒီရုပ်ရှင်တစ်ကားအနေနဲ့ မိစ္ဆာကိုပုံဖော်ထားပုံ၊ သွေးထွက်သံယို Practical effects တွေမှာတကယ်ပီပြင်ထိရောက်ပြီး ဇာတ်လမ်းဇာတ်အိမ်ရော မိစ္ဆာရဲ့နောက်ကြောင်းတွေကပါခိုင်မာသဘာ၀ကျပါတယ်။ဇာတ်ကောင်တွေများပြားလွန်းတာနဲ့အစပိုင်းဇာတ်ရှိန်အတက်နှေးတာတွေရှိပေမယ့် ဇာတ်လမ်းရုပ်လုံးပေါ်လာချိန်ကစပြီး တောက်လျှောက်ကြမ်းလို့အချိန်ပေးရကျိုးနပ်မှာပါ။