Le Terre Incolte FHD

Le Terre Incolte

Fantasy Horror FHD 2025-10-03 10 99 Min

Midsommar တို့လိုမျိုး ကျောချမ်းစရာ Folk-Horrorခံစားချက်ကို အပြည့်အဝ ပေးစွမ်းမယ့် အီတလီ Supernatural Horror ကားဖြစ်ပါတယ်ဇာတ်လမ်းနောက်ခံကတော့ အီတလီနိုင်ငံတောင်ပိုင်းက လူသူဝေးလံပြီး ဆိတ်ငြိမ်လှတဲ့ ကျေးလက်ရွာကလေးတစ်ရွာ ဖြစ်ပါတယ်။ အဆိုပါ ရွာကလေးရဲ့ ဘေးနားမှာရှိတဲ့တောနက်ကြီးထဲမှာ...ရွာသားတွေဟာ သဲလွန်စမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ကြပါတယ်  ဒါကြောင့် တစ်ရွာလုံးမှာ မမြင်ရတဲ့ ကြောက်ရွံ့မှုဝေဒနာတွေကူးစက်ပြန့်ပွားနေခဲ့ပါတယ်။ဒီလို သောကရောက်ပြီး အားကိုးရာမဲ့နေတဲ့ အချိန်မှာပဲ...  "ဘုရားသခင်ရဲ့ တမန်တော်များ"ပါလို့ ကြွေးကြော်ပြီး သူစိမ်းအမျိုးသား နှစ်ဦး ရွာထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။ ဘာကိုပဲကိုးကွယ်ရမှန်း မသိတော့တဲ့ ရွာသားတွေဟာ ဒီသူစိမ်းနှစ်ယောက်ကို တရားကယ်တင်မယ့် ကယ်တင်ရှင်ကြီးတွေ အဖြစ် မျက်စိမှိတ်ယုံကြည်ကိုးကွယ်လိုက်ကြပါတော့တယ်။ဒါပေမဲ့ ရွာထဲက အမျိုးသမီးတစ်ဦးကတော့ သူတို့ရဲ့ စကားလုံးတွေနောက်ကွယ်က ကောက်ကျစ်မှုကို သံသယဝင်ခဲ့ပါတယ်။ သူမဟာ ရွာထဲက  ရွာသားတွေအားလုံးက စုန်းမလို့ စွပ်စွဲပြီးဝိုင်းပယ်ထားကြတဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ ပေါင်းကာ... အဆိုပါ သူစိမ်းနှစ်ဦးရဲ့ ကန့်လန့်ကာနောက်ကွယ်က လျှို့ဝှက်ချက်တွေနဲ့ တောနက်ကြီးထဲကအမှန်တရားတွေကို စွန့်စားဖော်ထုတ်ဖို့ကြိုးစားရပုံကို  ရိုက်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်