Mr Doom FHD

Mr Doom

Comedy FHD 2024-11-15 4.3 88 Min

ရုပ်ရှင်လောကမှာ ဖဲကစားနည်းပိုကာအကြောင်း ရိုက်ထားတဲ့ကားတွေ အများကြီးရှိပေမဲ့... စနူကာကစားနည်းရဲ့ အမှားမခံတဲ့ ဖိအားတွေကို Crime Thriller ပုံစံတစ်မျိုးနဲ့ ရိုက်ပြထားလို့အမြင်သစ်တစ်ခု ဖြစ်စေမှာပါ။ဇာတ်လမ်းကတော့ ဘဝမှာမတူညီတဲ့ နောက်ခံတွေ ရှိကြပေမဲ့ မထင်မှတ်ဘဲ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတဲ့ ဂျက်ခ် နဲ့ ချာလီဆိုတဲ့  အတွဲအဖက် လူငယ်နှစ်ဦးအကြောင်းကနေစတင်ထားပါတယ်။ သူတို့ရဲ့ ဘဝတစ်ခုလုံးဟာ... ဂျက်ပေါ့အပေါက် ၆ ပေါက်နဲ့ ဘောလုံး ၁၆ လုံးရှိတဲ့ စနူကာခုံပေါ်မှာပဲ လည်ပတ်နေတာ ဖြစ်ပါတယ်။ အကြွေးတွေ၊ မြေအောက်လောကရဲ့ခြိမ်းခြောက်မှုတွေကြားထဲမှာ သူတို့နှစ်ဦးဟာစနူကာ လောင်းကစားလောကထဲကို ပိုမိုနက်နက်နဲနဲ ခြေချမိသွားပါတော့တယ်။အကြွေးနွံထဲနစ်နေတဲ့ ဘဝကနေထွက်ဖို့  ဘဝကိုအလောင်းအစားပြုရမယ့် စနူကာပွဲကြီးကို ဘယ်လိုမျိုး  ကစားကြမလဲဆိုတာကို ရိုက်ပြထားပါတယ်။