Aquarius မိန်းကလေး Palace ရဲ့ ကျောင်းမပြီးခင် ၂၄ နာရီအတွင်း ကြုံရတဲ့ အခက်အခဲ အတွေ့အကြုံတွေကို ဟာသလေးနှောပြီး ရိုက်ပြထားတဲ့ကားလေးပါ။ ဒီကားဟာ အနုပညာကျောင်းတွေအပေါ် အမြင်သစ်နဲ့ ရိုက်ပြထားတဲ့ကားဖြစ်ပြီး Street Photography တွေကို Reference လုပ်ထားတဲ့ စီနီမာတိုဂရပ်ဖီတွေ၊ ခပ်ကြမ်းကြမ်း နောက်ခံတေးဂီတတွေကိုလည်း သုံးထားပါတယ်။ ပွဲဦးထွက်ကားမှာတင် ဒီလိုခပ်လန်းလန်းကားကို ရိုက်ပြနိုင်တဲ့ အမေရိကန်ဒါရိုက်တာမ Martine Syms ရဲ့ ကိုယ်တိုင်ခံစားမှုတွေလည်းပါဝင်တာမို့ ကြည့်သင့်တဲ့ကားပါပဲ။ အနုပညာကျောင်းကဘွဲ့တစ်ခုရဲ့ သို့လောသို့လော အခြေအနေကို ကိုယ်တိုင်သုံးသပ်ရှုမြင် ခံစားရမယ့်ကားလေးပါပဲ။ တစ်ဘဝလုံး ယုံကြည်လာသမျှကို အချိန်တစ်ရက်က ဖောက်ခွဲပစ်နိုင်လားဆိုတာကို The African Desperate ဆိုတဲ့ ရုပ်ရှင်မှာ ကျွန်တော်တို့သက်ဝင်ခံစားကြရမှာပါ။