Gorky Resort FHD

Gorky Resort

History Thriller War FHD 2026-02-27 7 113 Min

၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်အစပိုင်းမှာ ပဲ ဖြစ်ပါတယ်။ ဆိုဗီယက်တပ်က ပိုလန်ကို သိမ်းပိုက်ပြီးနောက် ပညာတတ်ပိုလန်သားတွေအားလုံးကို ဖမ်းဆီခေါ်ဆောင်သွားကြပါတယ်။ Karolက ပိုလန်နိုင်ငံက နာမည်ကြီး ပီယာနိုသမားဖြစ်ပြီးတော့ ဆိုဗီယက်တပ်တွေက သူ့ကို ဖမ်းပြီး စစ်အကျဉ်းသားစခန်း (POW camp) ထဲပို့ခဲ့ပါတယ်။ဆိုဗီယက်ခေါင်းဆောင်တွေက အဲဒီထက်မြက်တဲ့ ပိုလန်ပညာတတ်တွေကို အကျဉ်းထောင်ချချင်ရုံတင်မဟုတ်ဘဲ ဆိုဗီယက်က ပိုလန်ကို အုပ်ချုပ်လာတဲ့အချိန်မှာ အကူအညီရဖို့အတွက်အဲဒီထက်မြက်တဲ့ ပိုလန်ပညာတတ်ခေါင်းဆောင်တွေကို ကွန်မြူနစ်ဝါဒ ယုံကြည်သူတွေဖြစ်လာအောင် ဦးနှောက်ဆေးချင်တာပါ။အေးဂျင့် Zarubin က အကျဉ်းသားတွေရဲ့ စိတ်ဓာတ်ကိုဖြိုလဲဖို့ တာဝန်ပေးခံရသူဖြစ်ပြီးတော့ သူက Karol ကို ပစ်မှတ်ထားလာပါတယ်။ သူက နာမည်ကြီးပီယာနိုသမားဖြစ်တဲ့ Karol ကိုသာလက်လျှော့အောင်လုပ်နိုင်ခဲ့ရင် ကျန်တဲ့အကျဉ်းသားတွေအားလုံးလည်း မျှော်လင့်ချက်မဲ့ကုန်ကြမှာကို သိတယ်။ ဒါကြောင့် Zarubin ကအစပိုင်းမှာ ဖော်ဖော်ရွေရွေနဲ့ Karol ကို သူ့ရဲ့မိသားစုဆီကို ပြန်သွားနိုင်ကြောင်းနဲ့ ပီယာနိုပြန်ကစားနိုင်ကြောင်း ကတိတွေပေးခဲ့ပါတယ်။အဲ့ဒီနည်းလမ်းအလုပ်မဖြစ်တဲ့အခါမှာလည်း ခြိမ်းခြောက် အငတ်ထား သင်းကွဲဖြစ်အောင်လုပ်ပြီး ကြိုးစားပေမဲ့ Karol ရဲ့ လက်လျှော့ဖို့ငြင်းဆန်တဲ့ သတ္တိက ကျန်တဲ့အကျဉ်းသားတွေဆက်ပြီးအားတင်းထားနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။