Enola Holmes 3 FHD

Enola Holmes 3

Crime Thriller Adventure Mystery FHD 2026-06-30 9.1 109 Min

အားလုံးစောင့်မျှော်နေကြတဲ့ Enola Holmes ရဲ့ တတိယမြောက် ဇာတ်လမ်းထွက်လာပါပြီ။ ဒီတစ်ခါတော့ အရင်ကားတွေလို ဗြိတိန်မှာပဲ လည်မနေဘဲ မော်လ်တာ (Malta) ကျွန်းဆီကိုပါဇာတ်အိမ်ချဲ့သွားပါတယ်။ဒီဇာတ်လမ်းမှာတော့ အီနိုလာ (Enola) နဲ့ လော့ဒ် တုစ်ဘူရီ (Lord Tewkesbury) တို့ စေ့စပ်ပွဲလုပ်ဖို့ ပြင်ဆင်နေကြတုန်း၊ သူ့ရဲ့ အစ်ကိုဖြစ်သူ နာမည်ကျော် စုံထောက်ကြီး ရှားလော့ခ်ဟုမ်းစ်(Sherlock Holmes) ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ အဲဒီ ပြန်ပေးသမား တွေက ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတာကို အီနိုလာတစ်ယောက် လိုက်စုံစမ်းရင်း ပိုကြီးမားတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုထဲကိုပါသွားပါတော့တယ်။တစ်ဖက်မှာလည်း သူ့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေနဲ့ စုံထောက်အလုပ်ကြားက ရွေးချယ်မှုတွေကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းက အရင်ကားတွေထက် ပိုပြီးအသက်အရွယ်ရင့်ကျက်လာတဲ့ အီနိုလာရဲ့ ဘဝအခက်အခဲတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ဒါရိုက်တာကတော့ အရင်ကားတွေကို ရိုက်ခဲ့တဲ့ ဟယ်ရီ ဘရက်ဒ်ဘီးယား (Harry Bradbeer) မဟုတ်တော့ဘဲ ဖိလစ် ဘာရန်တီနီ (Philip Barantini) က ပြောင်းလဲ တာဝန်ယူရိုက်ကူးထားတာပါ။အရင်ကားတွေလိုပဲ ဉာဏ်စမ်းတွေ၊ အက်ရှင်တွေ၊ မိသားစု အချစ် အလွမ်းတွေနဲ့ စိတ်လှုပ်ရှားစရာ ကောင်းတာမို့လို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာ စုံထောက်ကား ကြိုက်တဲ့သူတွေလက်မလွတ်သင့်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။