လီယာဟာ ဆယ်ကျော်သက်ဘဝမှာ မိဘတွေ အိမ်ထောင်ရေးအဆင်မပြေခဲ့ရာကနေ အရွယ်ရောက်လာတဲ့အခါမှာ သူ့အရွယ် တခြားလူတွေလို အပြင်ထွက် ပျော်ပါး သောက်စား ဘာညာမရှိဘဲအချစ်ကိုလည်း မယုံကြည်တော့တဲ့အတွက် အခင်ဆုံးသူငယ်ချင်းကလွဲရင် လူသစ်ဆိုလို့ ဘယ်သူနဲ့မှ မတွေ့တော့ပဲ တစ်ယောက်တည်း အရိုးထုတ်နေတဲ့ကောင်မလေး ဖြစ်ပါတယ်။တစ်နေ့မှာတော့ သူမနဲ့အတူ တိုက်ခန်းစပ်တူ စုငှားထားတဲ့ကောင်မလေးက ပြောင်းသွားတဲ့အတွက် သူ့မှာ လကုန် အိမ်ငှားခမပေးခင် တစ်လအတွင်း လူသစ်ရှာရရင်ရ မရရင်သူ့တစ်ယောက်တည်း အိမ်ငှားခပေးဖို့ ဖြစ်လာပါတော့တယ်။ဒီတော့ သူ့အနေနဲ့ အိမ်ငှားခကို တစ်ယောက်တည်း လချီမချုပ်နိုင်တဲ့အတွက် သူမအဖွားဖြစ်သူဆီကို သွားပြီးပိုက်ဆံချေးပါတော့တယ်။ ဒါပေမဲ့ အဖွားဖြစ်သူက မြေးလေးတစ်ယောက် ဒီလိုတစ်ယောက်တည်း ဖြစ်နေတာကို မကြည့်ရက်တဲ့အတွက် သူ့မြေးလေး လီယာကို ကောင်လေးအယောက် ၄၀ နဲ့ ဒိတ်လုပ်ကြည့်ဖို့အပေးအယူလုပ်ပါတော့တယ်။အပေးအယူကတော့ အဖွားဖြစ်သူက ဒီအယောက် ၄၀ ထဲမှာ လီယာ တကယ်သဘောကျရတဲ့သူ ရှာတွေ့ကိုတွေ့စေရမယ်၊ ရှာမတွေ့ခဲ့ရင် အိမ်ငှားခ တစ်နှစ်စာ ထုတ်ပေးမယ်လို့ပဲ ဖြစ်ပါတယ်။ဒီတော့ အချစ်ကိုမယုံကြည်တဲ့ လီယာတစ်ယောက် ညပေါင်း ၄၀ မှာ ကောင်လေး ၄၀ နဲ့ ဘယ်လိုဒိတ်မလဲ၊ သူမအနေနဲ့ တကယ်ချစ်ရတဲ့သူကိုရော ရှာတွေ့သွားမလားဆိုတာကို အူမြူးဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။