ဦးဆုံးစပြောရမယ်ဆို ဒီ Tales of the Bizarre ဆိုတာ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အအောင်မြင်ဆုံး လျှို့ဝှက်ဆန်းကြယ်စီးရီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သူကပင်မဇာတ်လမ်းတစ်ခုတည်းမဟုတ်ပဲ ဇာတ်လမ်းတိုတွေကို စုစည်းပေးထားတဲ့ Anthology လို စတိုင်မျိုးဖြစ်လို့ ဝတ္ထုတိုလေးတွေ ဖတ်နေရသလို ခံစားရမှာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းကျ သူကစီးရီးလို အပိုင်းဆက်မလာတော့ပဲ ရာသီအလိုက် အထူးရှယ်ဆိုပြီး ဇာတ်လမ်းတိုလေး ၄-၅ ခုလောက် ပါဝင်တဲ့ ရုပ်ရှင်အဖြစ် ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီ 2026 Summer Special မှာဆိုရင်ဇာတ်လမ်းတိုလေး ၄ ပုဒ်ပါဝင်ထားပြီး တစ်ခုချင်းစီက ပုံစံအမျိုးမျိုးကွဲပြားပြီး ရသစုံ ခံစားစေရမှာပါ။ တာမိုရီဆိုတဲ့ လမ်းပြလူကြီးတစ်ယောက်က ဇာတ်လမ်း အစနဲ့အဆုံးမှာ ပရိသတ်ကိုစကားလေးတွေပြောပြောပြီး တင်ဆက်ဖော်ပြပေးသွားမယ့်ပုံမျိုး ဖြစ်ပါတယ်။ဇာတ်လမ်း ၁ - အလုပ်မဲ့အကိုင်မဲ့နဲ့ မိဘအိမ်ကပစ္စည်းတွေလည်း အွန်လိုင်းတစ်ပတ်ရစ်ဈေးပေါ် ရောင်းပြီး သုံးဖြုန်းအလေလိုက်တဲ့ သားမိုက်တစ်ယောက် အဲဒီလိုင်းပေါ်မှာ သူ့အမေကြီးကိုအမေရောင်းရန်ရှိသည်ဆိုပြီး စပြီးလေလံပစ်ဖို့ လုပ်လာတဲ့အခါ ဘယ်လိုမျိုးတွေ ပေါက်ကရကြုံရမလဲဆိုတာကို ကြည့်ရမှာပါ။ဇာတ်လမ်း ၂ - ဇနီးမောင်နှံ လူသတ်မှု ဖြစ်ထားတဲ့အိမ်ကို ရဲနဲ့ စုံထောက်ကြီး ဝင်ထောက်လှမ်းနေရာကနေ အလောင်းတစ်လောင်းပျောက်သွားပြီး ဆက်တိုက်ထူးထူးဆန်းဆန်းတွေဖြစ်လာတာကို ဘယ်လိုမျိုး ဖြေရှင်းမလဲဆိုတာကို စိတ္တဇဆန်ဆန် စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ဇာတ်လမ်း ၃ - အမေဖြစ်သူက ဆုံးပါးသွားလို့ သူနေတဲ့တိုက်ခန်းကို သွားပြီး ပစ္စည်းတွေရှင်း ရောင်းစားဖို့လုပ်နေတဲ့ သမီးဖြစ်သူတစ်ယောက် အဲဒီတိုက်ခန်းကြီးရဲ့နောက်ကွယ်ကကြောက်စရာအမှန်တရားကို ဘယ်လိုတွေသိသွားမလဲဆိုတာကို ကြည့်ရမှာပါ။ဇာတ်လမ်း ၄ - ထူးထူးဆန်းဆန်းပါပဲ၊ မူလတန်းကလေးမလေးတစ်ယောက်က လူကြီးခန္ခာကိုယ်ဝတ်စုံကြီး ဝတ်လိုက်ရင် လူကြီးတစ်ယောက်လိုဖြစ်သွားပြီး ကလေးစိတ်နဲ့လူကြီးပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြည့်ရမှာပါ။