Annapurna HD

Annapurna

Drama Family HD 2025-04-18 7.6 118 Min

ယောကျာ်းဖြစ်သူ ဆုံးပါးတည်းက အိမ်ကြီးထဲမှာ အာနာပူရ်နာ တစ်ယောက် ယောကျာ်းရှိသေးတယ်အတွေးနဲ့ပဲ တစ်ကိုယ်တည်းဘဝကို ဖြတ်သန်းနေတာပေါ့ ဒါကို နိုင်ငံရပ်ခြားကသမီးလင်မယားကပြန်လာပြီး အိမ်မှာနေရင် အမေပျင်းမှာစိုးလို့ဆိုပြီး နိုင်ငံခြားကို ခေါ်သွားပါလေရော ဟိုရောက်တော့လည်း မထူးရှာပါဘူး ကလေးတွေအလုပ်သွားရင် ပတ်ဝန်းကျင်စိမ်းမှာပဲတစ်ယောက်တည်းကျန်ခဲ့ရတော့ ဟိုသွား ဒီသွားနဲ့ ကုန်စုံဆိုင်က ကောင်လေးတစ်ယောက်နဲ့ သိကျွမ်းခဲ့တယ် ကောင်လေးကလည်း မိဘမဲ့ သူကလည်း သားဖြစ်သူကို ဆုံးရှုံးထားရှာတော့အချင်းချင်း လိုတဲ့နေရာဖြည့်ပေးရင်း အာနာပူရ်နာရဲ့ ကောင်းမွန်လွန်းတဲ့ ဟင်းချက်လက်ရာကြောင့် သူတို့ ၂ယောက်ပေါင်းပြီး စီးပွားရေးစဖို့ကြံတယ် ကဲ နိုင်ငံရပ်ခြားမှာသူတို့လုပ်ငန်းအောင်မြင်မလား ကိုယ်စီရည်မှန်းချက်တွေ ရနိုင်ကြမလားဆိုတာကိုတော့....။