Chand Mera Dil FHD

Chand Mera Dil

Drama Romance FHD 2026-05-22 5.4 142 Min

Call Me Bae (2024)ရုပ်သံဇာတ်လမ်းတွဲရဲ့ မင်းသမီးချော အန်နန်ယာပန်ဒေးနဲ့Kill (2023)မှာ ရှယ်ကြမ်းပြခဲ့တဲ့ မင်းသား လက်ခ်ရှိုင်ယာတို့ရဲ့အသစ်ထွက်ရှိလာတဲ့ ရိုမန့်စ် ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။သာမန်လူငယ်အချစ်ဇာတ်လမ်းမျိုးမဟုတ်ဘဲ အိပ်မက်တွေ တာဝန်တွေနဲ့ ဘဝတွေရဲ့ မျှော်လင့်မထားတဲ့အလှည့်အပြောင်း ကံတရားတွေကြားမှာ အချစ်ဆိုတာ ဘာလဲဆိုတာကို ပုံဖော်ထားတာမျိုး။အင်ဂျင်နီယာကျောင်းသားကျောင်းသူတွေဖြစ်ကြတဲ့ အာရာ့ဗ်နဲ့ ချန်ဒနီတို့ရဲ့ လူငယ်ဘ၀မှာစတင်ခဲ့မိတဲ့ အချစ်ဇာတ်လမ်း။လူငယ် ကျောင်းသားဘ၀မှာ ချစ်ကြည်နူးလို့မ၀ဖြစ်နေတုန်းမှာပဲ မျှော်လင့်မထားတဲ့တာဝန်ဝတ္တရားတွေက သူတို့ဘ၀ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတဲ့အခါ။ပေါ့ပေါ့ပါးပါးနဲ့ ငယ်ရွယ်မှုကိုပဲ ဆက်ပြီးရွေးချယ်ခံစားမလား၊ တာဝန်နဲ့ ၀တ္တရားတွေကြားမှာဗျာများရင်း ချစ်တဲ့သူအတွက် အနစ်နာခံလေးမလားဆိုတာကို ခံစားကြည့်ရှုကြရမှာပါ။