Wings of Dread FHD

Wings of Dread

Action Crime Thriller FHD 2026-07-03 8 87 Min

90s born တွေ ငယ်ငယ်ကတည်းက ရှောင်လင်သိုင်းကားနဲ့ ရင်းနှီးတဲ့လူတိုင်း ကလေးသရုပ်ဆောင် အရွယ်မှာကတည်းက သပ်ရပ်ပိရိတဲ့ သိုင်းကွက်တွေနဲ့ ပရိသတ်အားလုံးရဲ့ နှလုံးသားကို ဖမ်းစားခဲ့တဲ့ ရှောင်လင်ကိုရင်လေး Ashton Chen ကို မှတ်မိကြမယ် ထင်ပါတယ်။ အခုရုပ်ရှင်ကတော့ Ashton Chen ကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့- လေကြောင်းရဲ ကုချောင်ရန်ဟာ စိတ်ဆိုးနေတဲ့ လေယာဉ်မယ်ချစ်သူတုံလုနောက် လိုက်ချော့ရင်း ဝူလိုင်ယာကနေ တရုတ်နိုင်ငံ ချိုးယွမ်ကို ပျံသန်းတဲ့လေယာဉ်ပေါ် လိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်မှာ အန္တရာယ်တွေ ပါလာခဲ့ပါတယ်။ ဒုစရိုက်အဖွဲ့တစ်ဖွဲ့က လေယာဉ်ကို ပြန်ပေးဆွဲဖို့ စီစဉ်ထားတဲ့အတွက် လေယာဉ်နဲ့မြေပြင်ကြား အဆက်အသွယ်ပြတ်တောက်သွားပြီး လေယာဉ်ခန်းတစ်ခုလုံး တုန်လှုပ်သွားပြီး မီတာသောင်းချီ အထက်ဟာ ငရဲပမာဖြစ်သွားခဲ့ပါတယ်။ ကုချောင်ရန်ဟာ ပုံမှန်မဟုတ်တာကို ချက်ချင်း သတိထားမိသွားပြီး လေကြောင်းရဲနဲ့ လေယာဉ်မှူး လေယာဉ်မယ်အဖွဲ့တို့နဲ့ ပူးပေါင်းပြီး အလုံပိတ်ထားတဲ့ လေယာဉ်ခန်းထဲမှာလေယာဉ်ပေါ်က ခရီးသည်တွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် ဒုစရိုက်အဖွဲ့နဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ယှဉ်ပြိုင်တိုက်ခိုက်မှုတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်