Satluj FHD

Satluj

Crime Drama History FHD 2026-07-03 7.6 164 Min

အိန္ဒိယရုပ်ရှင်တွေ ကြည့်ကြတဲ့အခါ ပန်ချာပီကားတွေဆိုရင် ပေါကားပဲ ခပ်များများဖြစ်နေတတ်တာ။ဘောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ အာဂျေးတို့ အရှေးတို့တွေ ပန်ချာပီရုပ်ရှင်တွေရိုက်ရင်တောင်ခပ်ပေါပေါဇာတ်ရုပ်တွေနဲ့ ရုပ်ပေါက်တာကို မြင်တွေ့နေကြပဲလေ။ဒီ ပန်ချာပီရုပ်ရှင်ကတော့ အဲဒီရုပ်ပေါက်တာတွေကနေ ဝေးလောက်တယ်။၉၀ပြည့်နှစ်တွေတုန်းက ပန်ဂျပ်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဘာမှမသိရဘဲပျောက်ဆုံးသွားတဲ့ လူတွေအကြောင်း လိုက်ပြီးစုံစမ်းခဲ့တဲ့ ဂျက်စ်ဝန့်ဆင်းဂ်ခါလ်ရာရဲ့ အကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်။ဂျက်စ်ဝန့်ဆိုတာ ပန်ဂျပ်ပြည်နယ်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ၁၉၉၀ပြည့်နှစ် ပန်ဂျပ်မှာ ဖြစ်ပွားခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ခဲ့တဲ့သူအဖြစ် လူသိများတဲ့သူ။သာမန်ဘဏ်ဝန်ထမ်းတစ်ယောက် ဖြစ်ပေမယ့် ချေးငွေကိစ္စတွေကို ကိုင်တွယ်ရင်း အကြောင်းအရင်းမသိ လူပျောက်သွားတာတွေကိုစုံစမ်းမိတဲ့အခါ...။စုံစမ်းနေရင်းနဲ့ အစိုးရမှတ်တမ်းတွေအရ အမည်မဖော်ထားတဲ့ လူရာပေါင်းများစွာကို ရဲတပ်ဖွဲ့က သ-တ်ဖြတ်ပြီး မိသားစုကို အသိမပေးဘဲမီးသင်္ဂြိုဟ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို သူ ဖော်ထုတ်မိတဲ့အခါ...။၁၉၉၀ပြည့်နှစ်တွေအတွင်း ပန်ဂျပ်မှာ လူပေါင်းရာချီ အကြောင်းမဲ့ပျောက်ဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန်သမိုင်းကို ပုံဖော်ရိုက်ကူးထားတာမို့ခံစားကြည့်ရှုပါဦး။