What We Do Next FHD

What We Do Next

Crime Drama Thriller FHD 2022-04-14 6 77 Min

ကိုယ့်အပေါ် ရက်ရက်စက်စက်နှိပ်စက်ညှင်းပန်းတတ်တဲ့ ဖခင်ဖြစ်သူကို မခံမရပ်နိုင်ဖြစ်‌ပြီး ပြန်သတ်ခဲ့မိတာကြောင့် မာကာဒိုဆိုတဲ့ မိန်းမငယ်လေးဟာ သံတိုင်နောက်မှာ ဘ၀ရဲ့အနုပျိုဆုံးအချိန်၁၆ နှစ်လုံးလုံးဖြတ်သန်းခဲ့ရပါတယ်။ ပြစ်ဒဏ်ပြီးဆုံးလို့ ပြန်လွတ်မြောက်လာချိန်မှာတော့ သူ့အမှုမှာ တစ်ချိန်က ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ မြို့တော်ကောင်စီဝင် အမျိုးသမီးတစ်ဦးနဲ့ကော်ပိုရိတ်ရှေ့နေတစ်ဦးရဲ့ဘ၀တွေပါကမောက်ကမဖြစ်ရဖို့အကြောင်းဖန်လာပါတော့တယ်။ မာကာဒို လွတ်မြောက်လာခြင်းနဲ့အတူ သူတို့ဖုံးကွယ်ထားချင်တဲ့ အမှောင်အတိတ်တွေဟာ တကျော့ပြန်ပေါ်လာပြီးရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဇာတ်ကားမှာ အဓိက သရုပ်ဆောင်သုံးယောက်ပဲပါဝင်ပြီး ဇာတ်တစ်ခုလုံးကို သူတို့သုံးယောက်ရဲ့ အပြန်အလှန်စကားပြောခန်းတွေနဲ့ပဲဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါပေမယ့်ဇာတ်ရှိန်အနိမ့်အမြင့်အတက်အကျတွေ၊ အလှည့်အပြောင်းတွေနဲ့ သူတို့ပြောဆို ဆွေးနွေးနေတဲ့ အတွေးအမြင်တွေ၊ အယူအဆတွေဟာ အစကနေအဆုံးထိ ငြီးငွေ့စရာမကောင်းပဲ ဆွဲခေါ်နိုင်ပြီးကင်မရာနဲ့ရိုက်ထားတဲ့ ပြဇာတ်လှလှတစ်ပုဒ်ကိုဘေးကထိုင်ကြည့်နေရသလိုမျိုးခံစားရမှာပါ။