Above the Line FHD

Above the Line

Action Comedy Crime Drama FHD 2025-12-06 7.375 90 Min

ဟောလိဝုဒ်မှာ အိပ်မက်တွေ အဖျက်ဆီးခံလိုက်ရတဲ့ နေရာအသီးသီးက အညတရ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သား ၆ ယောက်ဆီကို တစ်ရက်မှာတော့ ထူးဆန်းတဲ့ဖိတ်စာတစ်စောင် ရောက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့ကို ဒုက္ခပေးခဲ့တဲ့ အကျင့်ပျက် ပရိုဂျူဆာကြီး ဂျက်ဝုဒ်ရိုး (Jack Woodrow) ရဲ့ ဗီလာအိမ်ကြီးထဲကနေ သူ အသက်ထက်မြတ်နိုးတဲ့အော်စကာဆု ၅ ဆုကို သွားခိုးပေးရင် တစ်ယောက်ကို ဒေါ်လာ ၁ သန်းစီ ပေးမယ် ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ရဲ့ ခိုင်းစေချက်ပါပဲ။ ဒီလိုနဲ့ ပေါင်းမိသွားတဲ့ လူမွဲတသိုက်ဟာဒေါ်လာသန်းချီရဖို့အရေး ဂျက်ရဲ့အိမ်ထဲ ဖောက်ထွင်းဝင်ရောက်ရင်း ကြုံတွေ့ရမယ့် လွဲချော်မှုတွေ၊ ဟာသတွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့် Action-Comedy Heistဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ လူရွှင်တော်မင်းသားကြီး Cedric the Entertainer နဲ့အတူ သရုပ်ဆောင်ပေါင်းများစွာက ပေါ့ပေါ့ပါးပါးနဲ့ အသက်ဝင်အောင် သရုပ်ဆောင်ထားကြပြီး၊ ရိုက်ချက်တွေနဲ့နောက်ခံတေးဂီတတွေကလည်း တကယ့်ကို လန်းပါတယ်။ ဟောလိဝုဒ်ရဲ့ ကွယ်ရာက အမှောင်ခြမ်းတွေကို ဟာသနှောပြီး ပဟေဠိဆန်ဆန် တင်ဆက်ထားလို့ ရုပ်ရှင်ချစ်သူတွေလက်မလွတ်တမ်း ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ချင်ပါတယ်။