ကိုးရီးယား-ဂျပန် ယဉ်ကျေးမှု ပရောဂျက်အတွက် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့က ရွာတစ်ရွာဆီ ရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားအဖွဲ့မှ အဖွဲ့ဝင် ဟီဂျောင်းဟာ စွန့်ပစ်နတ်ကွန်းတစ်ခုဆီ ကွင်းဆင်းလေ့လာဖို့ သွားရင်းကနေ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်ဒီနောက်ပိုင်းမှာလည်း ထူးဆန်းရွံရှာဖွယ် သေဆုံးမှု၊ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာပြီး ရဲတွေတောင် အဖြေရှာမရတော့တဲ့အခါ အဖွဲ့မန်နေဂျာဖြစ်တဲ့ ဂင်ယူမီ (Kong Seong-Ha) လည်း တက္ကသိုလ်တုန်းက စီနီယာဖြစ်တဲ့ မြောင်ဂျင်း (Kim Jae-Joong) ကို လှမ်းအကူအညီတောင်းလိုက်ပါတော့တယ်။ ဝိညာဉ်တွေကို မြင်နိုင်စွမ်းရှိတဲ့ နတ်ဆရာ မြောင်ဂျင်းလည်း မူမမှန်တဲ့ အငွေ့အသက်ကို ချက်ချင်း ခံစားမိပြီး ဂျပန်နိုင်ငံဆီ အမြန်ဆုံး ဦးတည်ထွက်ခွာလာရာမှာတော့...ဒီနတ်ကွန်းပျက်ကြီးရဲ့ နောက်ကွယ်မှာ ဘယ်လို အမှောင်ဖုံးလျှို့ဝှက်ချက်တွေ ရှိနေမလဲ...မြောင်ဂျင်းနဲ့ ယူမီကရော ကျောင်းသူလေးကို အသက်ရှင်လျက် ကယ်ထုတ်လာနိုင်ပါ့မလားဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးကြပါဦးနော်။