ရုံတင်ဝင်ငွေ ရူပီး သန်းတစ်ထောင်ကျော်ထိရခဲ့တဲ့ တောင်ပိုင်းမင်းသမီးချော ဆမန်သာရုသ်ပရာဘူးရဲ့ အက်ရှင်ဇာတ်ကြမ်းရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။မိဘတွေ သဘောမတူတဲ့ကြားက နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြပြီး အချိန်တစ်ခုရောက်တော့ မွေးရပ်မြေဆီ အရဲစွန့်ပြန်လာခဲ့ကြတဲ့ အာနီနဲ့ ဆွာနာ ။ အာနီက ဆရာဝန်တစ်ယောက်နောက်ခံကောင်းကောင်းနဲ့ ဆွာနာကတော့ စီးပွားရေးဘွဲ့ရပေမဲ့ မွေးပြီးတည်းက မိဘမဲ့မို့ ကိုယ့်ဇာတိတောင်ကိုယ် ဘာမှန်းမသိတဲ့လူဆိုတော့ အာနီ့ဘက်က ရှေးရိုးစွဲအဘွားတွေကနှာခေါင်းရှုံ့ချင်ကြတယ် ဒီလိုသဘောမတူမှုတွေကို ဆွာနာက အကောင်းဆုံးကျော်ဖြတ်မယ်ဆိုပြီး မွေးရပ်မြေဆီ ပြန်ခဲ့ကြတယ်ဆိုပါတော့။ ဒါပေမဲ့ ဘယ်သူမှ မထင်ထားတဲ့ ဆွာနာရဲ့ဖုံးကွယ်ထားတဲ့ ဘဝရဲ့အရိပ်မည်းက ဆွာနာ့အိပ်မက် မိသားစုဘ၀လေးကို ဖျက်ဆီးဖို့ ပေါ်ပေါက်လာချိန်မှာတော့...။