Gedelaraju Kakinada Taluka FHD

Gedelaraju Kakinada Taluka

Action Crime Drama FHD 2026-04-24 6.1 121 Min

ကာကီနာဒါဒေသတစ်ခုလုံးက ကြောက်ရွံ့ရိုသေရတဲ့ လူမိုက်ကြီး ဂီဒီလာရာဂျူးဟာ ဒုစရိုက်လောကကနေ နိုင်ငံရေးလောကထဲကို ကူးပြောင်းဖို့ ကြိုးစားလာခဲ့ပါတယ်။ သူဟာ အာဏာရှိတဲ့နိုင်ငံရေးသမားတစ်ဦးအဖြစ် ရာထူးရလာမယ့် ညမှာတင်ပဲ မမျှော်လင့်ဘဲ လုပ်ကြံသ-တ်ဖြတ်ခြင်း ခံလိုက်ရပါတယ်။ဒီလူသ-တ်မှုနောက်ကွယ်က အမှန်တရားကို စုံစမ်းစစ်ဆေးတဲ့အခါမှာ ဂီဒီလာရာဂျူးရဲ့ဘဝနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လူတွေရဲ့ လောဘ၊ တပ်မက်စိတ်နဲ့ သစ္စာဖောက်မှုတွေက တစ်စစချင်းပေါ်လာပါတော့တယ်။ ဇာတ်လမ်းကို လူသ-တ်မှုနဲ့ ပတ်သက်နေတဲ့သူတွေရဲ့ မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ တဆင့်ချင်း ခွာပြသွားတာမလို့ လှည့်ကွက်ပေါင်းများစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရမ်မာ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။