The Death of Robin Hood FHD

The Death of Robin Hood

Action Drama Thriller Adventure FHD 2026-06-18 6.8 123 Min

၁၂၄၇ ခုနှစ် အင်္ဂလန်နိုင်ငံကို အခြေခံထားပြီး၊ ရိုဘင်က သူ့ကို ဟီးရိုးတစ်ယောက်လို့ သတ်မှတ်ထားကြတဲ့ ပုံပြင်တွေကို လက်မခံပါဘူး။ သူက လူတွေနဲ့ဝေးရာမှာ တစ်ယောက်တည်းသီးသန့်ခွဲနေပေမဲ့ သူ့သူငယ်ချင်းဟောင်း လစ်တဲလ်ဂျွန်ရဲ့ ခြံကို ပြန်ယူဖို့အတွက် ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုမှာ ပါဝင်ဖို့ အကြောင်းဖန်လာပါတယ်။အဲဒီတိုက်ပွဲမှာ ရိုဘင်က အပြင်းအထန် ဒဏ်ရာရသွားပြီး ဝေးလံခေါင်ဖျားတဲ့ ကျွန်းပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ကျန်ခဲ့ပါတယ်။ သူက နာမည်လွှဲနဲ့ နေပြီး အဲဒီကကျောင်းထိုင်သီလရှင် ဘရစ်ဂျစ်က သူ့ကို ပြုစုပေးပါတယ်။ ဒဏ်ရာသက်သာလာတဲ့အခါ ရိုဘင်က စိတ်ဒဏ်ရာရနေတဲ့ ဂျွန်ရဲ့သမီးလေး မာဂရက်ကို လေးပစ်သင်ပေးရင်း တစ်ဖက်မှာလည်း သူ့ရဲ့ ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အတိတ်အတွက်နောင်တတွေနဲ့ ရုန်းကန်နေရပါတယ်။ ဇာတ်လမ်းက သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေနဲ့ အဆုံးသတ်မှာ သူ့ရဲ့ အမှားတွေကို ဘယ်လို ပြင်ဆင်သွားမလဲဆိုတာကိုဝမ်းနည်းဖွယ် အဆုံးသတ်နဲ့ ရိုက်ပြထားပါတယ်။ဒီကားထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရိုဘင်ဟုဒ် နေရာမှာ ဟျူး  ဂျက်မန်း က သရုပ်ဆောင်ထားပြီး၊ သီလရှင် ဘရစ်ဂျစ် အဖြစ် ဂျိုဒီ ကိုမာ က ပါဝင်ထားပါတယ်။ ဒါ့အပြင် လစ်တဲလ်ဂျွန်နေရာမှာ ဘီလ် စကားစဂတ် နဲ့ မာဂရက် နေရာမှာတော့ ဖိတ်သ် ဒီလာနီ တို့က အသီးသီး ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ဒီကားက ဝေဖန်ရေးဆရာတွေဆီကနေ သဘောထား အမျိုးမျိုး ရခဲ့ပါတယ်။ ရိုက်ကူးရေးပိုင်း၊ သဘာဝကျတဲ့ နောက်ခံအပြင်အဆင်တွေနဲ့ သရုပ်ဆောင်ပိုင်းတွေကိုတော့ တော်တော်လေးချီးကျူးကြပါတယ်။ အထူးသဖြင့် ဟျူး ဂျက်မန်းရဲ့ မှုန်ကုပ်ကုပ်နဲ့ ကြမ်းတမ်းတဲ့ သရုပ်ဆောင်ချက်တွေက တော်တော်လေး ပီပြင်ပါတယ်။