Time of Cinema FHD

Time of Cinema

Drama FHD 2026-03-18 6.5 95 Min

ဒီဇာတ်ကားလေးထဲမှာတော့...ငယ်စဉ်က ဖတ်ဖြစ်ခဲ့တဲ့ ချင်ပန်ဇီ ဇာတ်လမ်းလေးကို ရုပ်ရှင်ရိုက်ကူးဖြစ်သွားတဲ့ ဒါရိုက်တာ ဂိုဒို (Kim Dae-Myung)...ပူပြင်းတဲ့ နွေရာသီရိုက်ကွင်း တစ်ခုမှာ ပိုမို သဘာဝကျကျ သရုပ်ဆောင်နိုင်ဖို့ ကြိုးစားပုံဖော်နေကြတဲ့ ကလေးသရုပ်ဆောင်တွေနဲ့ သူတို့ရဲ့ ဒါရိုက်တာမလေး (Ko A-Sung)...အချိန်အတော်ကြာမှ ချွန်းချောင်းကနေ ဆိုးလ်ကို အလည်လာရင်း ရုပ်ရှင်ရုံမှာ အထက်တန်းကျောင်းနေဖက် သူငယ်ချင်းဟောင်းနဲ့ ပြန်လည်ဆုံစည်းဖြစ်တဲ့ ယောင်းဟွာ (Yang Mal-Bok)...ဒီလို ရုပ်ရှင်လောကထဲမှာ တိုက်ရိုက် ကျင်လည်နေသူတွေအတွက်ရော၊ တစ်ခါတလေဖြစ်ဖြစ် မကြာခဏဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရတာကို ဝါသနာပါတဲ့သူတွေအတွက်ပါ ရုပ်ရှင်တွေဟာနေ့စဉ်ဘဝထဲကို ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေလဲဆိုတာကို အပိုင်း (၃) ပိုင်း ခွဲပြီး ရသစုံလင်စွာနဲ့ တင်ဆက်ပြထားပါတယ်။ မိုးအေးအေးလေးထဲ အေးအေးငြိမ်ငြိမ့် ခံစားကြည့်ရှုလို့ရမဲ့ အနုပညာသရုပ်ဖော်ဇာတ်ကားလေးမို့လို့ ရုပ်ရှင်ချစ်သူများလည်း အခုပဲ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်။