Wanted FHD

Wanted

Action Comedy Romance FHD 2026-06-10 1.5 80 Min

စာပို့သမား ရှင်းဟျွန်းဂျွန်း (Shin Hyun-Joon) နဲ့ ဝရမ်းပြေး ချွဲချောဂူ (Shin Hyun-Joon) တို့ဟာ သွေးသားမတော်စပ်ပေမဲ့လည်း အံ့ဩစရာကောင်းလောက်အောင်ကို ရုပ်ချင်း တစ်ပုံစံတည်းဆင်တူနေကြသူတွေပါ။ ဒါကြောင့် ဟျွန်းဂျွန်းလည်း အမြဲတမ်း ဝရမ်းပြေးလို့ အထင်မှားခံနေရပြီး သူ့ရဲ့ နေ့စဉ်ဘဝက ကမောက်ကမတွေ ဖြစ်ကုန်တော့တာပေါ့။တစ်ဖက်မှာ ချွဲချောဂူကို လိုက်လံဖမ်းဆီးနေတဲ့ ရဲတွေကလည်း ဟျွန်းဂျွန်းကြောင့် စုံစမ်းစစ်ဆေးမှုတွေ ရှုပ်ထွေးကုန်ပြီး ဟျွန်းဂျွန်းကို ပူးပေါင်းစုံစမ်းစစ်ဆေးရေးလုပ်ဖို့ကမ်းလှမ်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ ချွဲချောဂူကို ခြေရာခံလိုက်ရင်းကနေ ထိုင်ဝမ်အထိ ရောက်ရှိသွားပြီး ဒီအမှုထဲ ချောဂူရဲ့ ရည်းစားဟောင်း ယန်ဖေး (Regina Lei) ပါ ပါဝင်ပတ်သက်လာတဲ့အခါ...ဝရမ်းပြေးကိုလည်း အမိဖမ်းရမယ်... ဒီကြားထဲ လူမှားတဲ့ ပြဿနာကလည်း ရှင်းရဦးမယ်...အလွဲပေါင်းများနဲ့ ရယ်နေရမှာမို့လို့ စိတ်အပန်းပြေရအောင် အခုပဲ ကြည့်လိုက်ကြပါတော့နော်။