Avatar Aang: The Last Airbender FHD

Avatar Aang: The Last Airbender

Action Fantasy Adventure Animation FHD 2026-07-24 9.192 99 Min

ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရစ်တဲ့ Airbender ဖြစ်တဲ့ Aang တစ်ယောက် သူ့ရဲ့ လေစွမ်းအင်သုံး ယဉ်ကျေးမှုကြီး လုံးဝပျောက်ကွယ်မသွားအောင် ကယ်တင်ပေးနိုင်မယ့်ရှေးဟောင်းစွမ်းအားတစ်ခုအကြောင်းကို သိသွားတာကနေ စထားပါတယ်။ သူတို့ အနစ်နာခံပြီး တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးကြီး မပျက်စီးသွားဖို့ရယ်၊ အဲဒီစွမ်းအားတွေ မသမာသူတွေလက်ထဲ မရောက်သွားဖို့ရယ်အတွက် Aang နဲ့ သူ့သူငယ်ချင်းတွေ ကမ္ဘာအနှံ့ခရီးထွက်ပြီး စွန့်စားခန်းဖွင့်ကြမယ့် အကြောင်းကို ကြည့်ရမှာပါ။စိတ်ဝင်စားစရာ အချက်များရုပ်ထွက်နဲ့ Animation: ဒီကားကို 2D Animation အဟောင်းစတိုင်ကိုမှ CG အလန်းစားတွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာပါ။ နာမည်ကြီး Studio Mir နဲ့ FlyingBark တို့က တာဝန်ယူထားတာဆိုတော့ ရိုက်ချက်တွေနဲ့ တိုက်ခိုက်ရေးခန်းတွေကတော့ တော်တော်လေးကို မိုက်နေမှာ သေချာပါတယ်။ အသံသရုပ်ဆောင်များ: အရွယ်ရောက်လာတဲ့ Aang ရဲ့ အသံနေရာမှာ Eric Nam က သရုပ်ဆောင်ထားပြီး ဗီလိန်နေရာမှာတော့ Dave Bautista တို့လို နာမည်ကြီးတွေ ပါဝင်ထားပါတယ်။ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ Aang, Katara, Sokka, Zuko နဲ့ Toph တို့ လူကြီးတွေဖြစ်လာတဲ့အခါ ဘယ်လိုပုံစံတွေ၊ ဘယ်လို အစွမ်းအစတွေနဲ့ အမိုက်စား ပြန်လာမလဲဆိုတာ တကယ်ကိုရင်ခုန်စရာပါပဲ။ Avatar ပရိသတ်တွေရော၊ Animation ကောင်းကောင်း ကြည့်ချင်တဲ့သူတွေပါ ဒီနှစ်ကုန်ပိုင်းမှာ မဖြစ်မနေ စောင့်ကြည့်သင့်တဲ့ ကားတစ်ကားပါပဲ။