စုံထောက်ကြီး လန်ဒေါဟာ ဒီအမှုရဲ့သဲလွန်စတွေကို စုံစမ်းလာရင်း သေကြောင်းကြံတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း သိလာရပြီး ထိုကျောင်းမှ ကဗျာရူးစာရူး ဗိုလ်လောင်း အီး.အေ.ပိုးဆိုသူနဲ့ ရင်းနှီးကာ အမှုလိုက်ရာမှတဆင့် ထင်တာထက် များစွာနက်နဲတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်နေမှန်း သိသွားကြပါတယ်။ ထိုကဗျာရူး ဗိုလ်လောင်းဆိုသည်မှာ တခြားသူမဟုတ်.. နောင်အခါ Edgar Allen Poeဆိုသည့် နာမည်ကျော်စာရေးဆရာကြီး ဖြစ်လာ မယ့်သူပါ။ လန်ဒေါနဲ့ ပိုးတို့ အမှုကို ဆုံးခန်းတိုင်အောင် ဖော်ထုတ်နိုင်ကြမလား၊ တရားခံအစစ်က ဘယ်သူဖြစ်မလဲ၊ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှု များစွာနဲ့ ရင်ဆိုင်ရမလဲဆိုတာ ခုလိုချမ်းစိမ့်စိမ့်ရာသီမျိုးမှာ ကော်ဖီ တစ်ခွက်နဲ့ အရသာခံပြီးကြည့်လို့ရမယ့် စုံထောက်ဇာတ်ကားကောင်း တစ်ခုပဲဖြစ်ပါတယ်။