ကမ္ဘာမြေပေါ်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကြီးပြင်းလာခဲ့ရတဲ့ Superman နဲ့ မတူဘဲ Supergirl ဖြစ်သူ Kara Zor-El ကတော့ Krypton ဂြိုဟ် ပျက်စီးသွားချိန်မှာ အပျက်အစီးတွေကြား ၁၄နှစ်ကြာအောင် ဒုက္ခမျိုးစုံခံပြီးမှ အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ ဒါကြောင့်မို့လို့ သူ့ရဲ့ စိတ်ဓာတ်နဲ့ စရိုက်က Superman ထက် အများကြီး ပိုမာကျောပြီး ရင်းနှီးရခက်တဲ့ ပုံစံရှိပါတယ်။သူ့ရဲ့ ၂၃ နှစ်ပြည့် မွေးနေ့မှာတော့ Kara တစ်ယောက် အာကာသထဲ လှည့်လည်ရင်း သောက်စားမူးယစ်နေတုန်း Ruthye ဆိုတဲ့ ဂြိုဟ်သူ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။Ruthye ဟာ သူ့အဖေကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တဲ့ Krem ဆိုတဲ့ လူသတ်သမားကို လက်စားချေဖို့ ကြိုးစားနေတာပါ။ အစတော့ မကူညီချင်ပေမဲ့ Krem က Kara ရဲ့ ခွေးလေး Krypto ကို ထိခိုက်အောင် လုပ်လိုက်တဲ့အခါမှာတော့ Kara တစ်ယောက် ခရစ်ပတိုကို ကယ်ဖို့ Krem ကို တွေ့အောင်ရှာမှဖြစ်မှာမို့ရုသီကိုခေါ်ပြီး စကြဝဠာတစ်ခွင် စွန့်စားခန်းတွေ ဖွင့်ကြပါတော့တယ်။သမီးလိမ္မာပုံစံ မဟုတ်ဘဲ သေနတ်၊ ဓား၊ စကြာဝဠာထဲက အရက်ဆိုင်တွေနဲ့ ခပ်ကြမ်းကြမ်း Space Western ပုံစံ ဖန်တီးထားတာမို့လို့ DCU ရဲ့ ဇာတ်ကြောင်းအသစ်ကို မြင်တွေ့ရမှာပါ။ Houseof the Dragon ထဲမှာ ပရိသတ်သဘောကျခဲ့တဲ့ Milly Alcock က Kara အဖြစ် သရုပ်ဆောင်ထားပြီး Character နဲ့ အတော်လေး လိုက်ဖက်မှုရှိပါတယ်။ Aquaman အဖြစ်ကနေ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ အာကာသ ကြေးစားဆုကြေးမုဆိုး Lobo အဖြစ် Jason Momoa ပါဝင်လာတာကလည်း ဇာတ်ကားရဲ့ ကြည့်ချင်စရာ အချက်တစ်ခုပါ။ကမ္ဘာမြေပေါ်မှာပဲ အခြေမစိုက်ဘဲ ဂြိုဟ်ပေါင်းစုံ၊ အာကာသဓားပြတွေ၊ ကြေးစားတွေနဲ့ အက်ရှင်ခန်းစုံစုံလင်လင် ကြည့်ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။