အခုတင်ဆက်ပေးမှာကတော့ Rains Over Babel ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...ဇာတ်လမ်းကတော့ ...ကိုလံဘီယာနိုင်ငံ၊ ကာလီမြို့မှာ "Babel" လို့ခေါ်တဲ့ နိုက်ကလပ်တစ်ခုရှိပြီး ဒီကလပ်ဟာ သာမန်ကလပ်တစ်ခု မဟုတ်ပါဘူး။ လူ့ပြည်နဲ့ ငရဲဘုံရဲ့ ကြားခံနယ်မြေတစ်ခုဖြစ်ပြီး သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက ဝိညာဉ်တွေ စုဝေးရာ တစ္ဆေဘုံတစ်ခု ဖြစ်နေပါတယ်..အဲဒီနေရာမှာ အသိုင်းအဝိုင်းကဖယ်ကြဉ်ထားခြင်းခံရသူတွေ၊ ကိုယ့်ဘဝကို ရှာဖွေနေကြသူတွေနဲ့ သေမင်းတမန်တွေဟာ ဂီတ၊ အက၊ ပြီးတော့ ကံကြမ္မာတွေကို လောင်းကြေးထပ်ပြီး ဘဝရှင်သန်ခွင့်အတွက် ကစားပွဲတွေ ဆင်နွှဲကြပါတော့တယ်....