ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးကာလမှာ Choi Bae Dal ဟာ လေယာဉ်မှုးဖြစ်ချင်တဲ့အိပ်မက်ကြောင့် ဂျပန်နိုင်ငံကို ခိုးဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်စစ်တပ်ဟာ ကိုရီးယားလူမျိုးတွေအပေါ် ခွဲခြားဆက်ခံခဲ့ပြီး စစ်သားအဖြစ် အတင်းအဓမ္မဖမ်းဆီးမှုကြောင့် သူ့ရဲ့လေယာဉ်မှူးအိပ်မက်ဟာ ပျက်စီးခဲ့ရတယ်။စစ်ကြီးပြီးသွားတော့လည်း ဂျပန်နိုင်ငံမှာ ကိုရီးယားလူမျိုးတွေ ရပ်တည်ဖို့အတွက် ခက်ခဲပြီးတော့ ယာကူဇာဂိုဏ်းတွေရဲ့ဖိနှိပ်မှုကိုလည်း ခံရပါသေးတယ်။ တိုင်းတစ်ပါးမှာ ကိုယ့်လူမျိုးတွေနဲ့ ကိုယ်ချစ်ရသူတွေကို ကာကွယ်ဖို့အတွက် Bae Dal ဟာ ကိုယ်ခံပညာကို အပြင်းအထန် လေ့ကျင့်ခဲ့ပြီးတဲ့နောက် .. ပြိုင်ဘက်တွေရဲ့ တိုက်ခိုက်မှုတွေကိုဖြတ်ကျော်ပြီး မိမိရဲ့ စွမ်းရည်နဲ့ ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ကိုယ်ခံပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။