"This Is Birmingham" ရုပ်ရှင်ဟာ ယူကေနိုင်ငံ၊ ဘာမင်ဂမ် (Birmingham) မြို့ရဲ့ မှောင်မိုက်ပြီး အကြမ်းတမ်းဆုံး ရာဇဝတ်လောကကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဘာမင်ဂမ်မြို့ရဲ့ နာမည်ကြီး ရာဇဝတ်ဂိုဏ်းခေါင်းဆောင် Al Kaleo ဟာ လူသတ်မှုနဲ့ ဖမ်းဆီးထောင်ချခံလိုက်ရချိန်မှာ ဂိုဏ်းအတွင်း အကွဲအပြဲတွေ စတင်လာပါတယ်ဂိုဏ်းခေါင်းဆောင်နေရာကို ယောက်ဖဖြစ်သူ Baz က တာဝန်ယူလိုက်ပေမယ့် Al ရဲ့သားဖြစ်သူ Asher "AK" က ဦးလေးဖြစ်သူရဲ့ လုပ်ရပ်တွေကို သဘောမကျဘဲ ကိုယ်တိုင် အာဏာယူဖို့ကြိုးစားလာပါတယ်။တစ်ချိန်တည်းမှာပဲ Ruvelle ဦးဆောင်တဲ့ လန်ဒန်က ရက်စက်တဲ့ တူရကီဂိုဏ်းတစ်ခုဟာ ဘာမင်ဂမ်မြို့ထဲကို အဆင့်မြင့် ဟီးရိုးအင်း (Grade A heroin) တွေ ဖြန့်ဖြူးဖို့ ဝင်ရောက်လာပါတယ်။ဒီအခါမှာတော့ AK တစ်ယောက် သူ့ရဲ့ဂိုဏ်းနဲ့ မြို့ကိုကာကွယ်ဖို့အတွက် သွေးထွက်သံယို နယ်မြေလုပွဲတွေ၊ ဂိုဏ်းအချင်းချင်း အားပြိုင်မှုတွေကို အကြိတ်အနယ် ရင်ဆိုင်ရမယ့်အကြောင်းကိုစိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။