ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ပိတ်ကားထက်မှာ ပြန်လည်ပုံဖော်ထားခြင်း ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ ပြည့်လွန်နှစ်များမှာ မလေးရှားနိုင်ငံဟာ စစ်ပြီးဆုံးသွားပေမဲ့လည်း မြို့နောက်ကွယ်မှာတော့ လျှို့ဝှက်ဂိုဏ်းတွေ၊ လောင်းကစား၊ ဘိန်းရောင်းဝယ်ရေး၊လာဘ်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေ အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။အဲဒီလို အခြေအနေမျိုးမှာ CID ရဲအရာရှိလည်းဖြစ်၊ ဆီလတ် ဂါယောင် (မလေးရိုးရာ ကိုယ်ခံပညာကျောင်း)ရဲ့ အကြီးအကဲချုပ်လည်းဖြစ်တဲ့ မီအောအာဘ်ဒူရာမန်ဟာ တရားမျှတမှုကို ရှာဖွေဖို့ဆုံးဖြတ်လိုက်ပြီး အမှုဟောင်းတွေကို ပြန်လည်စုံစမ်းရင်း ရဲတပ်ဖွဲ့အတွင်းမှာ လာဘ်စားမှု၊ အာဏာနဲ့ ငွေကြေးအောက်မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ကွန်ရက်ကြီးတစ်ခုကို တဖြည်းဖြည်းရှာဖွေတွေ့ရှိလာခဲ့ပါတယ်.... ဒါပေမဲ့ အမှန်တရားကို ရှာဖွေလေလေ၊ သူ့ကို တားဆီးမယ့် ရန်သူတွေ ပိုများလာတဲ့အပြင် မိတ်ဆွေလား၊ ရန်သူလားဆိုတာတောင် မခွဲခြားနိုင်တဲ့ အခြေအနေတွေကြားမှာ မီအောဟာ သူ့ရဲ့သတ္တိ၊ ယုံကြည်ချက်နဲ့ ဆီလတ်ကိုယ်ခံပညာကို အသုံးချပြီး တရားမျှတမှုအတွက် တိုက်ပွဲဝင်ရပါတော့တယ်......Gayong 2 ဟာ မလေးရှားရဲ့ ဂန္ထဝင်ကိုယ်ခံပညာ "ဆီလတ်ဂါယောင်" ကို အခြေခံထားတဲ့ သမိုင်းဖြစ်ရပ်မှန် Action, Crime, Thriller ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ပြင်းထန်တဲ့အက်ရှင်တိုက်ခိုက်ခန်းတွေ၊ ရဲစုံစမ်းရေး၊ သစ္စာဖောက်မှု၊ အကျင့်ပျက်ခြစားမှုနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ ဇာတ်လမ်းနဲ့သမိုင်းနောက်ခံဇာတ်ကြောင်းကိုနှစ်သက်သူတွေအတွက်လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။