နာမည်ကျော် ကေပေါ့အဖွဲ့ Triangle ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဟွမ်ဟျွန်းအူ (Gang Dong-Won) ၊ ဂူဆန်းဂူ (Um Tae-Goo) နဲ့ ဗြောင်ဒိုမီ (Park Ji-Hyun) တို့ဟာ အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိနေချိန်မှာပဲ သီချင်းခိုးကူးမှု အရှုပ်တော်ပုံကြောင့် အဖွဲ့ပြိုကွဲခဲ့ရပါတယ်။ အလားတူပဲ ၃၈ ပတ်တိုင်တိုင် နံပါတ် ၂ နေရာကို ထိန်းထားနိုင်တဲ့ အဆိုတော် ချွဲဆောင်းဂွန်း (Oh Jung-Se) ဟာဆိုရင်လည်း မူးယစ်ဆေးမှုထဲ ပါဝင်ပတ်သက်မိပြီး နာမည်ပျက်ကာပရိသတ်တွေရဲ့ မှတ်ဉာဏ်ထဲကနေ ပျောက်ကွယ်သွားခဲ့ရတဲ့အထိပါပဲ။ အဲဒီလိုနဲ့ နှစ် ၂၀ အကြာမှာ Triangle အဖွဲ့အတွက်ရော ချွဲဆောင်းဂွန်းအတွက်ပါ ဂန်ဝန်ဒိုက ဖျော်ဖြေပွဲတစ်ခုမှာ ပါဝင်ဖျော်ဖြေဖို့ အခွင့်အရေးရလာပါတော့တယ်။ဖျော်ဖြေပွဲနေရာဆီ ခရီးထွက်လာရင်း လမ်းခုလတ်မှာ မထင်မှတ်တဲ့ မတော်တဆမှုလေးနဲ့ တွေ့ကြုံလိုက်ရတဲ့ Triangle အဖွဲ့လည်း တစ်ချိန်က ပြိုင်ဘက်ဖြစ်တဲ့ ချွဲဆောင်းဂွန်းရဲ့ကားနဲ့ကားကြုံလိုက်စီးလာရတဲ့အခါမှာတော့...အလွဲလွဲအချော်ချော်တွေကြားကနေ သူတို့လေးဦး ဖျော်ဖြေပွဲနေရာဆီ အချိန်မီ ရောက်ရှိနိုင်ပါ့မလား...ဘဝရဲ့ နောက်ဆုံးအခွင့်အရေးကိုအမိအရဖမ်းဆုပ်ပြီး တစ်ခေတ်တစ်ခါက ကျော်ကြားတောက်ပမှုတွေကို ပြန်လည် အရယူနိုင်ကြပါ့မလားဆိုတာကို ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးရှင်။