Past Life FHD

Past Life

Thriller FHD 2026-03-20 6.3 100 Min

ဒီဇာတ်လမ်းကတော့ အတိတ်ဘဝက မှတ်ဉာဏ်တွေကို အိမ်မွေ့ချပညာနဲ့ ပြန်ယူပြီး ကွင်းဆက်လူသတ်မှုတွေကို ဖြေရှင်းဖိုကြိုးစားတဲ့ Psychological thriller နဲ့ mystery ကားတစ်ကားပဲဖြစ်ပါတယ်။Jason Frey က စစ်သတင်းထောက်ဖြစ်ပြီးတော့ အတိတ်က စိတ်ဒဏ်ရာတွေနဲ့ PTSD ရှိတဲ့သူတစ်ယောက်ပါ။ သူက နာမည်ကြီး အိမ်မွေ့ချပညာရှင်နဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Timothy Bevan ရဲ့ live ရှိးပွဲကိုသွားပြီး အတိတ်ဘဝကို အိမ်မွေ့ချတာ အစမ်းသပ်ခံဖို အပျော်အနေနဲ့စင်ပေါ်တက်ခဲ့လိုက်ပါတယ်။ဒါပေမဲ့ ကောင်းမွန်တဲ့ အတိတ်ဘဝမှတ်ဉာဏ်အစား Jason က 1980s က အမျိုးသမီးတွေကို လိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ ချောက်ချားစရာ ကိုယ်တွေ့အမြင်တွေကိုမြင်ယောင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီလူသတ်မှုတွေက တကယ်ဖြစ်ခဲ့တဲ့ အတိတ်က လူသတ်မှုတွေနဲ့ ဆင်တူနေတာကို သိလိုက်ရချိန်မှာ Jason တစ်ယောက် လူသတ်သမားကို ဖမ်းမိဖိုအတွက်သဲလွန်စတွေရအောင် ဆက်တိုက် အိမ်မွေ့ချခံရင်း ထိုလူသတ်မှုတွေကို ဖြေရှင်းဖို အလွန်အကျွံ စွဲလမ်းလာတဲ့အခါမှာတော့.....။