ရာမူဒူး ဟာ ရှေးဟောင်းစံအိမ်ကြီး ထဲကရောဂါသည် ဖြစ်နေပြီဖြစ်တဲ့ မင်းစိုးရာဇာမျိုးရိုးဆင်းသက်သူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို စားသုံးနေတာကကင်ဆာရောဂါထက် ကွယ်လွန်သွားပြီဖြစ်တဲ့ သားငယ် ကူဆူမာ ဟာ သူ့ရဲ့ ရင်သွေးအရင်း မဟုတ်ဘူး ဆိုတဲ့ ပြင်းထန်တဲ့ သံသယနဲ့ စိတ်စွဲလန်းမှုပဲ ဖြစ်ပါတယ်။အတိတ်က ရာမူဒူး ဟာ တိုးတက်တဲ့ အတွေးအခေါ်ရှိတဲ့ လူငယ်တစ်ဦး ဖြစ်ခဲ့ပေမဲ့ ဘိုးဘေးတွေရဲ့ မျိုးရိုးနဲ့ အစဉ်အလာစွဲကို ထိန်းသိမ်းရမယ်ဆိုတဲ့ စိတ်ဝိညာဉ်ဆိုင်ရာ ရိုက်သွင်းမှုတွေကြောင့်မျိုးရိုးသွေးသန့်ရေးကို အစွဲအလမ်းကြီးသူ ဖြစ်လာခဲ့ပါတယ်။ သားငယ် ကူဆူမာ မွေးဖွားလာချိန်မှာ အသားအရောင်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ အတင်းအဖျင်း သတင်းတွေကြောင့် ရာမူဒူးရဲ့ သံသယတွေ ကြီးထွားလာခဲ့ပြီးအိမ်တွင်းအကြမ်းဖက်မှုတွေ၊ နှိပ်စက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စိတ္တဇဆန်တဲ့ သံသယတွေကြောင့်ပဲ သားဖြစ်သူ ေ-သကြောင်းကြံစည်ခဲ့ရသလို၊ ဇနီးဖြစ်သူ ရေနူကာ ကလည်းအမှောင်ခန်းထဲမှာ သီးခြားခွဲနေထိုင်ခဲ့ရပြီး အိမ်ထောင်စုတစ်ခုလုံး ပျက်စီးသွားခဲ့ရတဲ့အခါမှာတော့.....။